ဒေါပုံမြို့နယ်၊ Capital Supermarket အတွင်း ပေါက်ကွဲမှုမှာM150ကဲ့သို့အချိုရည်ပုလင်းထဲသို့ဓါတုဆေးဝါးထည့်ပြီး ဖောက်ခွဲခြင်းဖြစ်သည်ဟု

တိုင်းအစိုးရတာဝန်ရှိသူတစ်ဦးပြော

ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် Capital Supermarket ၌ဖေါက်ခွဲမှုကိုမသမာသူတို့ကM150ကဲ့သို့အချိုရည်ပုလင်းထဲသို့ဓါတုဆေးဝါးထည့်ပြီးပြုလုပ်ခဲ့ခြင်းဖြစသည်ဟုတိုင်းအစိုးရတာဝန်ရှိသူတစ်ဦးကယနေ့ည၁ဝနာရီတွင်Popular Newsကိုပြောသည်။

လက်ရှိစစ်ဆေးမှုအရတွေ့ရှိခဲ့ရသည့်ဖြစ်စဉ်ကိုသူကပြောပြခြင်းဖြစ်သည်။ ယနေ့ညနေကCapital Supermarket ပထမထပ် ပလပ်စတစ်ပစ္စည်း

အရောင်းခန်းမတွင် ပထမအကြိမ်ပေါက်ခွဲမှုတစ်ခု၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့သည် မြေညီထပ်မုန့် အရောင်း ခန်းမ၌ ဖြစ်ပွားခဲ့ဲသည်ဟုသူကပြောသည်။

ယင်းနောက်စတုတ္ထအကြိမ်ပေါက်ကွဲမှုတစ်ခုထပ်ဖြစ်ခဲ့သေးကြောင်းကိုလည်းအထက်ပါအရာရှိကဆက်ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် လူထိခိုက်မှုမရှိပါကြောင်း၊သို့သော်လည်းအနီးရှိ

အရောင်းဆိုင်မှ ပစ္စည်းအနည်းငယ်နှင့် အချိုရည် ပုလင်းအချို့ ပျက်စီးခဲ့သည်ဟုသိရသည်။

''ဗုံးမဟုတ်ပါဘူး၊ဂက်စ်အိုးလည်းမဟုတ်ပါဘူး၊ ဘွိုင်လာအိုးလဲမဟုတ်ပါဘူး၊ဓါတုဆေးဝါးတစ်မျိုးနဲ့ဖောက်ခွဲမှုပါ။ပြီးခဲ့တဲ့ရက်ပိုင်းကစျေးဝယ်စင်တာတစ်ခုမှာခုလိုပုံစံမျိုးတစ်ခုဖြစ်ခဲ့ပါတယ်။ဒါဟာပြည်သူတွေကိုထိပ်လန့်အောင်လုပ်တာ။ပြုလုပ်သူကိုစုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ဖို့ကြိုးစားနေကြပါပြီ" ဟု ၄င်းကပြောသည်။

Source: Popular Journal

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။