ဒေးဗစ်ဆေးလ်ဗာကတော့ မန်စီးတီးအတွက်အားကိုးရတဲ့ကစားသမားတစ်ဥိးပါ။ ဒါ့အပြင် ဆေးဗာက မန်ချက်စတာစီးတီးအတွက် ခြေစွမ်းကောင်းတွေလည်းပြသထားနိုင်ပါတယ်။ ယခုရာသီမှာလည်း ဒေးဗစ်ဆေးလ်ဗာက မန်စီးတီးအတွက် အကောင်းဆုံး ခြေစွမ်းပြသထားပါတယ်။ ယခုအခါမှာတော့ မန်ချက်စတာစီးတီးပရိသတ်တွေအတွက် သတင်းကောင်းထွက်လာပါပြီ။

အဆိုပါသတင်းကတော့ ဒေးဗစ်ဆေးလ်ဗာက မန်စီးတီးနှင့်စာချုပ်ချုပ်နိုင်ခဲ့ပါပြီ။ ဒေးဗစ်ဆေးလ်ဗားဟာမန်ချက်စတာစီးတီးအသင်းနဲ့တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့ကြောင့်ဒေးဗစ်ဆေးလ်ဗာက မန်စီးတီးအသင်းမှာ ၂၀၂၀ခုနှစ်ထိဆက်ရှိနေတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒေးဗစ်ဆေးလ်ဗာက မန်စီးတီးနှင့် ဆယ်နှစ်ပြည့်အထိမ်းအမှတ်ကိုဆင်နွှဲနိုင်တော့မှာဖြစ်ပါတယ်။

မန်စီးတီးနှင့်စာချုပ်သစ်ချုပ်နိုင်ခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗာနှင့်ပတ်သတ်၍ အွန်နီရီနှင့်လမ်းပတ်မှတ်ချက်ပေးခဲ့ကြပါတယ်။ သီယာရီအွန်နရီ

“သူဟာကျွန်တော့်အတွက်အကောင်းဆုံးမန်ချက်စတာစီးတီးကစားသမားတစ်ဦးဖြစ်နေခဲ့ပြီးသားပါ။ ကျွန်တော်ဒီလိုပြောလိုက်တာတစ်ချို့လူတွေကိုအလွန်အံ့အားသင့်စေနိုင်ပါတယ်။ ဒါပေမယ့်သူဟာအမြဲတမ်းတိုက်စစ်ဆင်ဖို့အတွက်ပဲအလိုရှိနေပြီးဘောလုံးကိုတစ်ချိန်လုံးခြေထဲမှာရှိနေချင်သူပါ။ ကျွန်တော်သူနဲ့တွဲကစားရရင်အရမ်းကောင်းမှာပါ။ သူဟာအမြဲတမ်းကွင်းလယ်ကနေကစားကွက်ကိုထိန်းချုပ်နိုင်ဖို့ကြိုးစားလေ့ရှိသူပါ။ ဒါဟာအသင်းကိုပိုမိုကောင်းမွန်စွာကစားနိုင်စေပါတယ်။” လို့ပြောပါတယ်။ ဖရန့်လမ်းပတ်ကတော့ “ကျွန်တော့်သူ့ကိုကစားသမားဘဝတစ်လျှောက်တွဲကစားဖူးခဲ့တဲ့သူတွေထဲကအကောင်းဆုံးစာရင်းမှာထည့်သွင်းထားပါတယ်။ ကျွန်တော့်ရဲ့ကစားသမားဘဝမှာဂျီအန်ဖရန်ကိုဇိုလို အာဂျန်ရော်ဘင် အေဒင်ဟာဇက်တို့လိုသူတွေနဲ့တွဲကစားခွင့်ရတာဟာအလွန်ကံကောင်းလှပြီးဆေးလ်ဗားဟာဆိုရင်လည်းဒီလိုအကောင်းဆုံးတွေနဲ့တူတူပါပဲ။”လို့ပြောခဲ့တာပါ။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။