စနေနေ့ ညနေ ၆ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းနူးကမ့်မှာ ဆယ်တာဗီကိုအသင်းကို လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ယခုချိန်ထိ လာလီဂါ ရှုံးပွဲမရှိသေးပဲ ပွဲစဉ် ၁၃ပွဲ ကစားထားပြီးချိန်မှာ ရမှတ် ၃၅ နဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။အဆင့် ၂ နေရာက ဗလင်စီယာအသင်းကို ၄ မှတ်ဖြတ်ထားနိုင်တာလည်းဖြစ်ပါတယ်။ဆယ်တာဗီကိုအသင်းကတော့ ၁၃ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၉ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ နောက်ဆုံး ၅ ပွဲရလဒ်မှာတော့ ၃ ပွဲနိုင် ၂ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဆယ်တာဗီကိုအသင်းရဲ့ နောက်ဆုံး ၅ပွဲရလဒ်မှာတော့ ၃ ပွဲနိုင် ၂ ပွဲရှုံးရလဒ်ကို ရရှိထားတာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှုး ဒမ်ဘီလီ ဒဏ်ရာအခြေအနေကနေ ပြန်လည်သက်သာလာခဲ့ပေမဲ့ ဒီနေ့ပွဲမှာ ပြန်လည်ပါဝင်ဖို့ကတော့ မသေချာသေးတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ မက်ဆီ၊ ဆွာရက်၊ ပေါ်လင်ဟို၊ ဘက်စကွက်၊ အင်နေယေစတာ၊ ရော်ဘတ်တို တို့ကိုထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဆယ်တာဗီကိုအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ စစ်တို၊ ဂွာတတ်ဒီ၊အဲပတ်၊ ရာဒိုဂျာ၊ ဟာနန်ဒက်၊ ဝက်စ် တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဆယ်တာဗီကိုအသင်းဟာ အိမ်ကွင်းမာကျောတဲ့ အသင်းတစ်သင်းဖြစ်ပေမဲ့ အဝေးကွင်းမှာ ရုန်းကန်ရတဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် ဘာစီလိုနာအသင်း အနိုင် သုံးမှတ်ရယူသွားနိုင်မှာပါ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။