ပန်ဆိုင်းတွင် လက်နက်ကြီးကျည်ကျ ၁ ဦးသေဆုံး၊ လူရာနှင့်ချီ တရုတ်ပြည်ဘက်ထွက်ပြေး

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်ပန်ဆိုင်းမြို့မှာ ဒီကနေ့မနက်က တိုက်ပွဲတွေဖြစ်ပြီး မြို့ထဲကို လက်နက်ကြီးကျည်တွေ ကျလာတဲ့အတွက် ထိခိုက်ဏ်ရာ ရသေဆုံးသူတွေ ရှိတဲ့အပြင် မြို့သူမြို့သား ရာနဲ့ချီ တရုတ်ပြည်ဘက် ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

ဒီနေ့မနက် ဝေလီဝေလင်း မနက် ၅ နာရီကျော်ကစ အောင်မင်္ဂလာကျောင်းတိုက်အနီး အစိုးရ တပ်စခန်းဆီကနေ ပစ်ခတ်သံတွေ ကြားရသလို မရှေးမနှောင်းမှာဘဲ ရဲစခန်းဘက်မှာ လည်း ပစ်ခတ်သံကြားပြီး ရက်ကွက် ၆ နဲ့ ၈ ထဲမှာ လက်နက်ကြီးကျကာ လူတွေသေဆုံးဒဏ်ရာရလို့ အားလုံး တရုတ်ပြည် ဝမ်းတိန်မြို့ဘက် ထွက်ပြေးခိုလှုံလာကြတယ်လို့ ပန်ဆိုင်းရှမ်း စာပေ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းလောဝ်ဆိုင်က ဒီဗွီဘီကို ပြောပါတယ်။

“မနက်က ကျနော်ကစျေးထဲမှာ ၊ လူတွေလည်း စျေးခင်းမလို့လုပ်တုန်း ပရိယတ္တိေ အာင်မ င်္ဂလာ စေတီကျောင်းတိုက်နားက အစိုးရတပ်စခန်းဘက်မှာ ပစ်ခတ်သံတွေ ဆူညံလာတယ်။ ခနေနေ မကြာဘူး အစိုးရစခန်းအရှေ့ဘက် ၃ ဖာလုံလောက်က ရဲကင်းနားမှာလည်း ပစ်ခတ်သံေ တွ ဆူလာတယ်။ လူတွေအကုန်ထွက်ပြေးကြတာပေါ့၊ မြို့နယ်အုပ်ချုပ်ရေးပိုင်းကလည်း လူတွေကို ဘေးလွတ်ရာရှောင်ခိုင်းဖို့ လာပြောတယ်။ ကျနော်တို့လည်း တရုတ်နယ်စပ်ဘက်ပြေးလာတယ်။ အဲဒီမှာ တရုတ်ဘက်က တော်တော်နဲ့ မပေးဝင်ဘူး၊ နောက်ကျမှ တောင်းပန်လို့ ပေးဝင်တယ်၊ ဝမ်းတိန်ဘက်မှာပေါ့။ တချို့က ဆွေမျိုးရှိတော့ ဆွေမျိုးတွေ လာခေါ်တယ်။ ဆွေမျိုးမရှိတဲ့လူတွေက ကွင်းပြင်ကျယ်မှာ နေရာချပေးတယ်။ အားလုံး ၈ ရာကျော်မယ်။ ”

ဒါ့အပြင် မနက် ၈ နာရီလောက်က လက်နက်ကျည်တစ်ခုဟာ ရပ်ကွက် ၆ ထဲက ဦးအိုက်အောင်တို့ နေအိမ်ထဲကို ပြုတင်းပေါက်ကနေဝင်ပြီး အစတွေပြန်လွှင့်ရာမှာ ကားကိုထိသွားတဲ့အတွက် ကားပျက်စီးကြောင်း၊ ရပ်ကွက် ၈ ထဲမှာတော့ အားတီလို့ခေါ်တဲ့ လူတဦး ခြေတောက်မှာ လက်နက်ကြီးစထိမှန်ပြီး ဝမ်းတိန်ဆေးရုံမှာ တက်ရောက်ကု သနေရသလို အဲဒီရပ်ကွက်ထဲမှာပဲ ရဲစခန်းအနီးရှိ အမျိုးသားတစ်ဦး နောက်ကျောကို ကျည်ထိမှန်လို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ သူကဆက်ပြောပါတယ်။

ပစ်ခတ်သံတွေဟာ နေ့ခင်းဘက်အထိ ရှိနေတာကြောင့် ဘယ်သူမှအိမ်မပြန်ရဲသေးကြောင်း၊ လူတွေဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတာမို့ ရှေ့ဆက်နေထိုင်ဖို့ အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။

အလားတူ မိုင်းကိုးဘက်မှာလည်း ပစ်ခတ်မှုတွေရှိနေပြီး ဒေသခံတွေ ထွက်ပြေးမှု ရှိ မရှိတော့ မသိရဘူးလို့ ဦးစိုင်းလောဝ်ဆိုင်က ပြောသွားပါတယ်။

Credit - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။