လက်ပြနှုတ်ဆက်သွားတဲ့ ခင်မောင်လွင်

မြန်မာ ့လက်ရွေးစင်ကစားသမားဟောင်း

ရန်ကုန်အသင်းရဲ့ကပ္ပတိန်ခင်မောင်လွင်ကိုနောက်နှစ်ဘောလုံးရာသီမှာ

ပရိသတ်တွေတွေ့မြင်ခွင် ့ရတော ့မှာမဟုတ်ပါဘူး၊

မြန်မာ့လက်ရွေးစင်အသင်းမှာခံစစ်တံတိုင်းကြီးအဖြစ်တစ်မျိုး

ရန်ကုန်အသင်းရဲ့နောက်တန်းမှာခံစစ်ကေ ျာက်ဆောင်ကြီး

အဖြစ်တစ်ဖုံခြေစွမ်းပြခဲ့တဲ့သူဟာပရော်ဖက်ရှင်နယ်

ကစားသမားဘဝကနေအနားယူသွားပါပြီ။

ခင်မောင်လွင်မြက်ခင်းစိမ်းတွေကိုနှုတ်ဆက်သွားတဲ့

အချိန်မှာသူ ့ရဲ့အသက်ဟာ၃၄နှစ်ရှိပါပြီ။ကစားသမားတစ်ယောက်

အနေနဲ့အနားယူသင် ့တဲ့အသက်အရွယ်ပါပဲ။

ခင်မောင်လွင်အနားယူသွားတဲ့အတွက်

ရန်ကုန်အသင်းဟာခင်မောင်လွင်နေရာကိုအစားထိုးဖို ့နောက်ခံလူ

တစ်ယောက်ကိုအပူတပြင်းရှာဖွေနေပါတယ်။

လောလောဆယ်မှာရတနာပုံနောက်ခံလူသိန်းသန်းဝင်းနဲ့

မကွေးနောက်ခံလူနန္ဒကျော်တို ့ကိုခေါ်ယူမယ်လို ့သတင်းထွက်နေပါတယ်။

ရာသီဲကြိုအပြောင်းအရွှေ ့ကာလမှာခင်မောင်လွင်နေရာအတွက်

မဖြစ်မနေအစားထိုးခေါ်ယူသွားမယ်လို ့သိရပါတယ်။

ကစားသမားဘဝကအနားယူသွားပေမယ့်

ဘောလုံးလောကကိုနှုတ်ဆက်သွားတာတော ့မဟုတ်ပါဘူး။

ခင်မောင်လွင်ဟာရန်ကုန်နည်းပြအဖွဲ့မှာပါ၀င်နေမှာဖြစ်ပြီး

နည်းပြတစ်ဦးအဖြစ်ဘဝကိုပြောင်းလဲ လေ ျှာက်လှမ်း

သွာတော ့မှာပါ။ခင်မောင်လွင်ဟာ ကမ္ဘောဇနဲ့ရန်ကုန်အသင်းမှာ

ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ်ဖြတ်သန်းခဲ့ပြီးရန်ကုန်အသင်းနဲ့

အမှတ်ပေးခ ျန်ပီယံ၃ကြိမ်ဆွတ်ခူးခဲ့ပါတယ်။

Source-YUFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။