ယခုလာမည့် ရက်တွေမှာတော့ ပရီးမီးယားလိဂ်ပွဲများ ကစားသွားမှာပါ။ အာဆင်နယ်ကတော့ မန်ချက်စတာယူနိုင်တက်နှင့်ကစားသွားမှာပါ။ အာဆင်နယ်နှင့် မန်ချက်စတာယူနို်င်တက်ကတော့ ပြိုင်ဘက်ကောင်းတွေပါ။ သူတို့၂သင်းတွေ့တဲ့ပွဲတွေက အကြိတ်အနယ်ရှိလှပါတယ်။ 

သို့သော် အာဆင်နယ်ပရီသတ်တွေအတွက် သတင်းဆိုးတစ်ခုရှိပါတယ်။ ဒါကတော့ အာဆင်နယ်တိုက်စစ်မှုး လာကာဇတ်က မန်ယူနှင့်ပွဲကို လွဲချော်တော့မှာပါ။ အာဆင်နယ်မန်နေဂျာအာဆင်ဝင်းဂါးကမနေ့ညကဟယ်ဒါဖီးအသင်းကိုငါးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာပေါင်ခြံဒဏ်ရာရခဲ့တာပါ။ ဟယ်ဒါဖီးနဲ့ပွဲမှာလက်ကာဇက်ဟာအာဆင်နယ်အတွက်ဂိုးသွင်းယူနိုင်ခဲ့ပြီးပေါင်ခြံဒဏ်ရာကြောင့်၄၆မိနစ်မှာဂီရော့နဲ့လူစားလဲခဲ့ရပါတယ်။ 

ဟယ်ဒါဖီးနဲ့ပွဲပြီးနောက်ဝင်းဂါးဟာလက်ကာဇက်ရဲ့ဒဏ်ရာကိုအတည်ပြုသွားခဲ့ပြီး ၎င်းရဲ့နေရာကိုအစားဝင်လာခဲ့တဲ့ဂီရော့ဟာ၂ဂိုးသွင်းနိုင်ခဲ့သလို ဆန်းချက် အိုဇေးတို့ဟာလည်းဂိုးပေါက်တွေတွေ့ခဲ့ပါတယ်။ဒီရာသီအသင်းအတွက်ပရီးမီးယားလိဂ်မှာရဂိုးသွင်းယူထားတဲ့တိုက်စစ်မှုးလက်ကာဇက်နဲ့ပက်သက်ပြီးအာဆင်ဝင်းဂါးက “လက်ကာဇက်ဟာပေါင်ခြံဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့ကြောင့်သူဟာလာမည့်စနေနေ့ယူနိုက်တက်အသင်းနဲ့ပွဲစဉ်ကိုသေချာပေါက်လွဲချော်ပါလိမ့်မယ်။” လို့အတည်ပြုလိုက်ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်အနေဖြင့် မန်ယူနှင့်ပွဲမှာ အင်အားလျော့ဖို့ရှိနေပါတယ်။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။