စတာလင်းကတော့ ဒီရာသီမှာ ခြေစွမ်းကောင်းတွေပြသနေသူပါ။ စတာလင်းကမန်စီးတီးအတွက်လည်း ဂိုးတွေသွင်းပေးထားပါတယ်။ စတာလင်းက နောက်ဆုံးကစားခဲ့တဲ့ ၂ပွဲမှာ အနိုင်ဂိုးတွေကိုသွင်းခဲ့တာပါ။ စတာလင်းအနေဖြင့် မန်စီးတီးကို ၄မှတ်ယူဆောင်ထားခဲ့သူပါ။

ယခုအခါမှာတော့ မန်ချက်စတာစီးတီးအသင်းဟာဒီရာသီပုံစံကောင်းပြသလျက်ရှိနေတဲ့တောင်ပံကစားသမားရာဟင်စတားလင်းကိုအီတီဟတ်မှာကာလရှည်ဆက်ရှိစေနိုင်မယ့်စာချုပ်သစ်အတွက်စကားပြောဆိုဆွေးနွေးတော့မှာပဲဖြစ်ပါတယ်။ အဆိုပါသတင်းဟာပြီးခဲ့တဲ့ဆောက်သမ်တန်ကို၂ဂိုး၁ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲမှာစတားလင်းနောက်ကျအနိုင်ဂိုးသွင်းပြီးနောက်ထွက်လာခဲ့တာဖြစ်ပြီး အင်္ဂလန်တောင်ပံကစားသမားဟာစီးတီးနဲ့စာချုပ်၂နှစ်ခွဲကျန်ရှိနေသေးပေမယ့်ကလပ်တာဝန်ရှိသူတွေက်ကတော့စတားလင်းဟာစာချုပ်သစ်နဲ့ထိုက်တန်တယ်လို့ယူဆခဲ့တာဖြစ်ပါတယ်။ 

စာချုပ်သစ်ကမ်းလှမ်းမယ့်ရက်ကိုစီးတီးဘက်ကတရားဝင်ထုတ်ဖော်ခြင်းမရှိပေမယ့်လာမည့်တစ်ပတ်စတားလင်းရဲ့မွေးနေ့မှာလက်ဆောင်အဖြစ်ကမ်းလှမ်းသွားဖို့များနေပါတယ်။စတားလင်းဟာပြီးခဲ့တဲ့နွေရာသီကစီးတီးမှာအနာဂတ်မရေမရာဖြစ်ခဲ့ဖူးပြီး မန်စီးတီးခေါ်ယူဖို့ုကြိုးစားခဲ့တဲ့အာဆင်နယ်ကြယ်ပွင့်ဆန်းချက်နဲ့အလဲအထပ်ပြုလုပ်မယ်လို့ကောလဟာလထွက်ပေါ်ခဲ့ကာဒီရာသီမှာတော့ပက်ဂွာဒီယိုလာရဲ့လက်အောက်မှာစိတ်သစ်လူသစ်နဲ့ခြေစွမ်းပြနေပါတယ်။ စတားလင်းဟာဒီရာသီမှာတော့ပြိုင်ပွဲစုံ၁၉ပွဲမှာ၁၃ဂိုးထိသွင်းယူထားခဲ့ပြီးစီးတီးရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ်အသင်းရဲ့တိုက်စစ်မှုးတွေဖြစ်တဲ့အဂွေးရိုး ဂျီးဆက်တို့ထက်သွင်းဂိုးပိုမိုများပြားနေပါတယ်။

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။