စနေနေ့ည ၉ နာရီခွဲမှာ ယှဉ်ပြိုင်ကစားရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဝက်ဖို့စ်အသင်းဟာ စပါးအသင်းကို အိမ်ကွင်းမှာလက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။စပါးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွေမှာ ရလဒ်တွေဆိုးဝါးနေခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းဟာ ပွဲစဉ် ၁၄ ပွဲကစားထားပြီးချိန်မှာတော့ ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဝက်ဖို့စ်အသင်းဟာ ပွဲစဉ် ၁၄ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရှိနေတာဖြစ်ပါတယ်။

ဝက်ဖို့စ်အသင်းဟာ နောက်ဆုံးငါးပွဲကစားထားပြီးချိန်မှာတော့ သုံးပွဲရှုံး ၂ ပွဲနိုင် ရလဒ်ကို ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်ကတော့ ၂ ပွဲနိုင် ၂ ပွဲရှုံး ၁ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဝက်ဖို့စ်အသင်းဟာ ယခုနှစ်ပရီးမီးယားလိဂ် ရာသီမှာ မာကျောတဲ့ အသင်းတစ်သင်းအဖြစ် ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ဝက်ဖို့စ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဟူးချက်၊ ရီချာလီဆင်၊ ဒီနေး၊ ဖာမီနီယာ၊ ကလီဗာလေ၊ ဇီဂါလာ တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ အလီ၊ ဟယ်ရီကိန်း၊ အဲရစ်ဆင်၊ ထရစ်ပီရာ၊ ဟယ်ရီဝင့်ခ်၊ ဒမ်ဘီလီ၊ ဒေးဗစ် တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ရလဒ်တွေဆိုးဝါးနေတဲ့ စပါးအသင်းကတော့ အဝေးကွင်းမှာ ဝက်ဖို့စ်အသင်းကို ယှဉ်ပြိုင်ကစားဖို့ ခက်ခဲမှာတော့ အမှန်ပါပဲ။ဒါကြောင့် နှစ်သင်းလုံးဟာ အမှတ်ခွဲယူသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။