အေးမြတ်သူဟာ သူမသုံးတဲ့ instagram အကောင့်မှာ ကောင်လေးတစ်ယောက်ကို ရုပ်ဖြတ်ပြီးတော့ my crush, my love ဆိုပြီးတင်လေ့ရှိပါတယ်။ ထိုသူရဲ့ နာမည်က တော့ KM ပါပြီး ဘယ်သူလဲဆိုတာတော့ မသိကြသေးပါဘူး။ သူမ တစ်ဖတ်သက်ကြိုက်ရတဲ့ သူရဲ့ အကြောင်း ကို Myanmar Celebritybကမေးမြန်းခဲ့ပါတယ်။
သူမဟာ သရုပ်ဆောင် မင်းသမီးတစ်ယောက် ဖြစ်သော်လည်း မိန်းကလေးတစ်ယောက်လည်း ဖြစ်တဲ့အတွက် ချစ်တတ်ပါတယ်လို့ ဆိုပါတယ်။ သူမ instagram ကို သာမန်လူတစ်ယောက် သုံးတဲ့ အကောင့်လိုမျိုးသုံးတဲ့ အတွက် သူတင်ချင်တာတွေ အကုန်တင်တယ်လို့ဆိုပါတယ်။ အဲ့ဒါကြောင့်လည်း သူမရဲ့ crush ပုံတွေကိုတင်ဖြစ်တာပါလို့ပြောသွားပါတယ်။
ဘာလို့ အဲ့ဒီတစ်ယောက်ကို ကြိုက်တာလဲ လို့မေးတဲ့ အခါမှာတော့ ဒီတိုင်းပါဘဲ လေးစားရလို့ ကြိုက်တာပါလို့ ပြောခဲ့ပါတယ်။ သူမ က အသက် ၃၀ ကျော်လာလို့လာလို့လားတော့ မသိဘူး ပရိသတ်တွေက အဲ့ပုံတွေ တွေ့တော့ ဘယ်တော့ စားရမှာလဲ လို့ လာလာမေးကြတယ်ဆိုပြီးပြောသွားပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေလက်ခံပေးတဲ့အတွက် ဝမ်းသာပါတယ်တဲ့နော်။
Source: Myanmarcelebrity
Anna
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။