ထက်ထက်မိုးဦးဟာ မြန်မာပြည်ကြော်ငြာလောကမှာ ရှေ့တန်းကနေဦးဆောင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ကြော်ငြာတိုင်း သူမပါရင်မအောင်မြင်ဘူးလို့ဆိုရအောင် စီးပွားရေးလုပ်ငန်းရှင်တွေကနေ ကြော်ငြာမင်းသမီးဆို နံပါတ်တစ် ထက်ထက်မိုးဦးကိုပြေးမြင်ရတဲ့အထိပါ။

ဒါပေမယ့် အိမ်ထောင်ရေးမသာယာခဲ့ဘဲ ပရိသတ်တွေအကြား ဝေဖန်မှုတွေကြုံခဲ့ရပြီးနောက်ဆုံးမှာတော့ ခင်ပွန်းဖြစ်သူစိုင်းလွှမ်း၊ သမီးလေးဖြစ်သ ူစစ်လွန်းဝတီထက်တို့နဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုလေးကို ပိုင်ဆိုင်ထားရပြီဖြစ်ပါတယ်။ သမီးလေးကိုလဲ ပရိသတ်တွေက အချစ်ပိုကြသလို၊ ထက်ထက်ကိုလဲ အမြဲမမေ့ဘဲ သတိတရရှိနေခဲ့ပါတယ်။

အနုပညာသက်တမ်း ၁ရနှစ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ ပထမဆုံးအနုပညာနာမည်ကတော့ မှုံရွှေရည်ပါ။ မှုံရွှေရည်ကနေ ထက်ထက်မိုးဦးရယ်လို့ အနုပညာနာမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ထက်ထက်မိုးဦးကနေ ဝတ်မှုန်ရွှေရည်ကိုတွေ့တဲ့အခါတိုင်း သူမရဲ့ငယ်ဘဝကိုပြေးပြီး သတိရမိတယ်လို့ ဆိုခဲ့ပါတယ်။ သူမကိုငယ်စဉ်က မိမှုံလို့သာခေါ်ခဲ့လို့ပဲဖြစ်ပါတယ်။ ထက်ထက်မိုးဦးဟာ ၁၉၉၆ခုနှစ်နဲ့ ၂၀၀၁ခုနှစ်မှာ အကယ်ဒမီဆုနှစ်ဆု ဆွတ်ခူးရရှိခဲ့ပြီး လက်ရှိမှယတော့ အနုပညာလှုပ်ရှားမှုတွေ နည်းပါးလာတာကိုတွေ့ရပါတယ်။

Source : myanmarcelebrities

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။