ရည်းစားတွေ ထည်လဲတွဲ တဲ့ နေရာမှာကျော်ကြားတဲ့ Taylorswift ဟာ လွန်ခဲ့တဲ့ ၃ လကျော်လောက်ကပဲ Tim Hiddle နဲ့ တွဲ ခဲ့တာပါ။ သူတို့ နှစ်ယောက်ဟာ နှစ်ဘက်မိဘတွေကို တောင်တွေ့ခဲ့ကြပါသေးတယ်။ သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကလဲ ပရိသတ်တွေကြားမှာ အမြဲတန်းရေပန်းစားနေကြတာပါ။ သူတို့ နှစ်ယောက် လမ်းခွဲခဲ့တယ်ဆိုတာကို တော့ အင်္ဂါနေ့ စက်တင်ဘာ၈ရက်နေ့မှာ အတည်အလင်းကြေငြာခဲ့တာပါ။ အကြောင်းအရင်းကတော့.......

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ အပတ်တွေ လောက်ထဲက တင်းမာနေတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ ကမ်းခြေမှာတူတူနမ်းနေ တဲ့ ဓာတ်ပုံ တွေ ထွက်လာပြီးနောက် တွဲနေတာကို ကြေငြာခဲ့ကြတဲ့ ဒီအတွဲ ဟာ နောက်ဆုံးတော့ပြီးဆုံးသွားပါပြီ။ သူတို့နှစ်ယောက်လူသိရှင်ကြားတွဲခဲ့တာက လဲ Tom Hiddleson က တောင်းဆိုလို့ ချပြခဲ့ရတာဖြစ်ပြီး ယခုဖြတ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ Tom ဘက်က သူတို့နှစ်ယောက်ဆက်ဆံကို ပိုပြီး လူသိရှင်ကြားဖြစ်ချင်တာကို Taylor က မကြိုက်လို့ Taylorswift ဘက်က စပြီး အဆုံးသတ်ခဲ့တာလို့သိရပါတယ်။

သတင်းထွက်ပြီးနောက်တနေ့မှာတွေ့ရတဲ့ အားကစားလုပ်ပြီးပြန်လာတဲ့Taylor ရဲ့ ပုံပါ။ သူမရဲ့ ပုံက ဘာမှဖြစ်တဲ့ပုံ ပေါက်သလို ရည်းစားနဲ့ ပြတ်ထားတဲ့ သူလို့တောင်ပြောလို့မရအောင်လန်းဆန်းလို့နေပါတော့တယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။