ကော့သောင်းမြို့နယ်အတွင်း ပထမတန်း ကျောင်းသူ တစ်ဦးအား အဓမ္မပြုပြီးနောက် ရက်စက်စွာ သတ်ဖြတ်မှု ကျူးလွန်သော တရားခံများအား ဖမ်းမိ

အသက် ၉နှစ်အရွယ် ပထမတန်း ကျောင်းသူ တစ်ဦးအား အဓမ္မပြုပြီးနောက် ရက်စက်စွာ သတ်ဖြတ်မှု ကျူးလွန်သော တရားခံ(၄) ဦးအား နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ကော့သောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ကော့သောင်းမြို့၊ စူငယ်ဘာလိုင်း ကျေးရွာအုပ်စု ၊ ချောင်းဖျားကြီးကျေးရွာမှာ အသက် ကိုးနှစ်အရွယ် ပထမတန်းကျောင်းသူ တစ်ဦးဖြစ်သူ မမြတ်သူဝင်း ဟာ အဓမ္မပြုကျင့်ခံရပြီးနောက်

ရင်ဝ ၊ ပါးစပ် ၊ လည်ဂုတ်၊ ဝဲဘက် လည်ပင်းတို့တွင် ထိုးသွင်းဒဏ်ရာ ၊ ဝဲနားရွက် အောက်ပြတ်ရှ ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို နိုဝင်ဘာလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ကလေးမလေးဟာ ချွန်ထက်တဲ့ လက်နက်နဲ့ ပါးစပ်ကနေပြီးတော့ ထိုးသွင်းခံရပြီး လည်ဂုတ်အထိ ပေါက်ထွက်နေတာ တွေရပါတယ်။ နောက်ပြီး ရင်ဝ လည်ပင်းတွေမှာလဲ ထိုးသွင်း ဒဏ်ရာ အချက်ပေါင်း များစွာ တွေ့ရပါတယ် ဟု နာရေးကူညီသူ တစ်ဦးက ပြောပါတယ်။

သေဆုံးသူရဲ့ ဖခင်ဖြစ်သူ ဦးအောင်ထွန်း (ခ) နောင်ဘိတ် သည် အဆိုပါနေ့ ည (၈)နာရီခန့် က ရွာထဲ မှ ဗီဒီယိုကြည့်ပြီး အပြန် သမီးဖြစ်သူ အသက် ကိုးနှစ်အရွယ် ၊ ပထမတန်းကျောင်းသူ မမြတ်သူဝင်း မှာ အိမ်တွင် မတွေ့ရသဖြင့် ဇနီးဖြစ်သူအား ရွာအတွင်း ရှာဖွေခိုင်းရာ ရွာအတွင်းတွင် မတွေ့ရသဖြင့် ရွာသားများ အကူအညီ ရယူကာ လိုက်လံရှာဖွေကြရာ ရွာစွန် ဒေါ်-----၏ နေအိမ်အနောက်ဘက် ပေ၁ဝဝခန့် အကွာ ၀ါးရုံတောများအနီး ပိန္နဲပင်အောက်တွင် ဆိုးရွားစွာ အဓမ္မပြုကျင့်ပြီး သေဆုံး နေကြောင်း သိရပါတယ်။

အခင်းဖြစ်ပွားမှုနှင့် ဆက်စပ်တရားခံများ အား မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ စုံစမ်း ဖေါ်ထုတ်ချက် အရ တရွာတည်းနေ အိမ်နီးချင်းများ ဖြစ်သည့် ဇင်မင်းထွေး ၊ သာကြီး ၊ ဦးဘီအီး (၃)ဦး မှ အုပ်စုလိုက် လူမဆန်စွာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး တစ်ရွာတည်းနေ မဝင်းဝင်းထွေး ဆိုသူ အမျိုးသမီး တစ်ဦး အကူအညီဖြင့် ပူးပေါင်း ကြံစည်သတ်ဖြတ် ခဲ့ကြောင်း ဖြစ်စဉ် နှင့်စပ်လျဉ်း၍ တရားခံ များဖြစ်သည့် ဇင်မင်းထွေး ၊ သာကြီး ၊ မဝင်းဝင်းထွေး၊ ဦးဘီအီး တို့ အား ကော့သောင်း ရဲတပ်ဖွဲ့စခန်းမှ မမစ(ကသမ) (ပ) ၁၄၉၁/၂၀၁၆ ၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါတယ်။

Source: တနင်္သာရီတိုင်းမ် သတင်းမီဒီယာ

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။