နှစ်ပေါင်း ၅၅၀၀၀ သက်တမ်းရှိပြီ ဖြစ်တဲ့ ခြင်္သေ့ပေါက်စ လေးနှစ်ကောင် ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေ ကတော့ အဲ့ဒီ့ ခြင်္သေ့ပေါက်စ လေးနှစ်ကောင်ကို Uyan နဲ့ Dina လို့ အမည်ပေးထားပါတယ်။ အဲ့ဒီ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲ့ဒီ့ ကျောက်ဖြစ်ရုပ်ကြွင်း နှစ်ခု ကို ဆိုက်ဘေးရီးယား ရေခဲပြင်မှာ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေ ကတော့ အဲ့ဒီ့ ခြင်္သေ့ပေါက်စ လေးနှစ်ကောင် ဟာ သူတို့သေဆုံးချိန်မှာ လပို်င်းလောက်သာ အရွယ်ရှိသေးတယ်လို့ ခန့်မှန်းထားပါတယ်။ သူတို့ ရဲ့ အစာအိမ်မှာ မိခင်နို့ရည် စက် ကို မတွေ့ရှိတာကြောင့် သူတို့ မိခင်နဲ့ တကွဲတပြား ဖြစ်ပြီး အစာပြတ်လပ် သေဆုံးခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ သိပ္ပံပညာရှင်တွေ က အဲ့ဒီ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို အချိန် အတော်ကြာလေ့လာနေခဲ့ပြီး ရှာဖွေ တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့တာပါ။ အခုလို ရှာဖွေတွေ့ရှိချက်ဟာ သိပ္ပံပညာ လောက မှာ အထူးဆန်းဆုံး ရှာဖွေတွေ့ရှိမှုလည်းဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက် ကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာသူ တွေ အံ့သြခဲ့ရပါတယ်။ ရှားရှားပါးပါး ရှာဖွေတွေ့ရှိမှုလည်းဖြစ်ပါတယ်။ ပုံတွေမှာ အံ့သြဖွယ် ခြင်္သေ့ပေါက်စ နှစ်ကောင် ကို အကောင်းပကတိ နီးပါး မြင်တွေ့ရမှာပါ။ အဆိုပါ ခြင်္သေ့ပေါက်စ နှစ်ကောင် ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ပုံတွေကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source: Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။