အသိပေးနှိုးဆော်ချက

နိုဝင်ဘာ ၂၂ ရက် နံနက် ၁ဝ နာရီမှ နိုဝင်ဘာ ၂၃ ရက် နံနက် ၁ဝ နာရီအထိ ရေပြတ်တောက်မှုနှင့် ရေအားလျော့နည်း မှုများ ဖြစ်ပေါ် မည်ဖြစ်ပါ၍

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေ အသုံးချရေးစီမံခန့်ခွဲမှု ဦးစီးဌာနပိုင် ငမိုးရိပ်ရေလှောင်တမံ ပင်မရေပေးမြောင်း ပြုပြင်ခြင်းလုပ်ငန်းကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် ဆောင်ရွက် မည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်စဉ် ကာလ အတွင်း ညောင်နှစ်ပင်ရေသန့်စင် စက်ရုံသို့ ရေဝင်ရောက်မှုပြတ်တောက်မည်ဖြစ် ပါ၍

ညောင်နှစ်ပင်ရေသန့်စင် စက်ရုံမှ ရေပေးဝေလျက်ရှိသော မင်္ဂလာဒုံ၊ မြောက် ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ သာကေတ၊ ဒေါပုံ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ ဒဂုံ၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နှင့် ရန်ကုန် မြို့တွင်း မြို့နယ်များ၌ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက် နံနက် ၁ဝ နာရီမှ နိုဝင်ဘာ ၂၃ ရက် နံနက် ၁ဝ နာရီအထိ ရေပြတ်တောက်မှုနှင့် ရေအားလျော့နည်း မှုများ ဖြစ်ပေါ် မည်ဖြစ်ပါ၍ ရေကြိုတင်စုဆောင်းသုံးစွဲနိုင်ပါရန် အသိပေးနှိုးဆော် တင်ပြ အပ်ပါသည်။

..

အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။