သေဆုံးသွားတဲ့ ဇနီးသည်အလောင်းနဲ့ ဖက်အိပ်တဲ့ ခင်ပွန်း

ထိုင်းနိုင်ငံရဲ့ မြို့စွန်လေးတစ်ခုမှာ အိမ်ထောင်ကျစ လင်မယားနှစ်ယောက်နေထိုင်ပါတယ်။ ထိုလင်မယားနှစ်ယောက်ဟာ အရမ်းချစ်ကြတဲ့အတွက် ရပ်ရွာကတောင် အားကျရပါသတဲ့။ ဒါပေမဲ့ အိမ်ထောင်ကျပြီး သုံးလအကြာမှာပဲ ဇနီးဖြစ်သူက ကျောက်ကပ်ရောဂါဖြစ်နေမှန်း သိခဲ့ရပါတယ်။ ရောဂါဟာ သိချိန်မှာ နောက်ကျနေပြီဖြစ်တဲ့အတွက် ကုလို့မရနိုင်ပဲ ကျောက်ကပ်ကျွမ်းတဲ့အထိဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူသေဆုံးသွားတာကို လက်မခံနိုင်သေးဘဲ ယခုချိန်ထိ ဇနီးအလောင်းဘေးမှာ ဖက်ပြီး အိပ်နေတဲ့ပုံတွေဟာ instagram မှာ ပျံ့နှံလာပြီး လူအများစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး သနားစိတ်မကောင်းဖြစ်နေရတဲ့ သူတွေရှိသလို ဝေဖန်သံတွေလည်း ပေါ်ထွက်လို့နေပါတယ်။ 

"Thailand မှာ သေဆုံးသွားပြီဖြစ်တဲ့ ဇနီးကို မခွဲနိုင်ပဲ

ဇနီးရဲ့ အလောင်းနဲ့အတူ အိပ်စက်တဲ့ သူရဲ့ ပုံတွေ

Instagram မှာပြန့်နံ့နေပါတယ် ..:(

ပုံကိုမြင်ပြီး...

အပြစ်တင်တွေမစောလိုက်ကြပါနဲ့.......

....သင်တို့လည်း သိခဲ့ ခံစားခဲ့ဖူးမှာ ..

ချစ်တတ်စ အရွှယ်ရဲ့ အချစ်ဦးဟာ ဘယ်လောက်ထိ

နာကျင်ခံစား ရတယ်ဆိုဒါ.......

......သူတို့ နှစ်ယောက်ဟာ Thai နိုင်ငံက မြို့စွန်လေးမှာနေကြဒါပါ..လက်ထပ်ပြီးဒါ 3လ ကျော်တဲ့ အချိန်မှာ သူ့မိန်းမရဲ့ မီးကွုမ်းနေတဲ့ ကျောက်ကပ် ရောဂါက

ခုလိုအချိန်မှာတော့ ကုလို့မရတော့ဘူး....

ဆင်းရဲသား ပီပီ.....

..သူဌေးရောဂါ ဖြစ်တဲ့ သိန်းထောင်ဂဏန်း ကုန်ကျမဲ့ ကုန်ကိစရိတ်ကို ရအောင်...

....သူ အသေကုန် ကြိုးစားခဲ့ပေမဲ့ အရာမရောက်ခဲ့ဘူး

ရောဂါ ဟာ ကွုမ်းနေပြီးဖြစ်တဲ့ အတွက် လက်လျော့ကာ

သေဆုံးဒါပဲ ခံလိုက်ရပါတော့တယ်....

....သင်တို့ဟာ....

နှလုံးသားပါတယ် ဆိုရင် ဒီဇာတ်လမ်းဟာ ရင်နင့်စရာ မှန်း

ချက်ချင်းသိမှာပါ မျက်ရည်တောင် ကျသင့်တယ်.....

အများအမြင်မှာတော့ သူဟာ အရူးပေါ့..

..သက်မဲ့ နေတဲ့ အလောင်းကို ဖက်အိပ်တယ်...

...သူ့ရင်ထဲမှာ ဘယ်လောက်ထိ ဗျောင်းဆန်နေမယ်ဆိုဒါ..

..ဆင်းရဲတဲ့ မိမိတို့ရဲ့ ဘဝ တွေကို ဘယ်လောက်ထိ ပြစ်တင်နေမယ် ဆိုဒါ

......သင်တွေးမိပါစေ..........." ဆိုပြီး လူမှုကွန်ယက်သုံးစွဲသူတစ်ဦးက ရေးသားပြောဆိုထားတာကို တွေ့ခဲ့ရပါတယ်။

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။