မိမိကိုကျွေးမွေးပြုစုပေးခဲ့တဲ့သူကို ကျေးဇူးဆပ်တယ်ဆိုတာ မွန်မြတ်တဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။ မိဘတွေအဘိုးအဘွားတွေကို လုပ်ကျွေးပြုစုတယ်ဆိုတာကလည်း နတ်လူချီးမွမ်းတဲ့အလုပ်ပဲဖြစ်ပါတယ်။ ယခုအခါမှာတော့ နိုင်ငံတကာသတင်းများအကြားမှာ ၁၀နှစ်သမီးလေးတစ်ဦးအကြောင်း ဖော်ပြလာကြပါတယ်။ အဆိုပါ မိန်းကလေးကတော့ အလုပ်ကြမ်းလုပ်ကိုင်ကာ အဘိုးနှင့်အဘွားကို လုပ်ကျွေးနေသူပါ။

သူမရဲ့နာမည်ကိုတော့ မီဒီယာတွေက ငှဲ့ကွက်သောအားဖြင့် မဖော်ပြခဲ့ပါဘူး။ သူမကတော့ တရုတ်ပြည်မကြီးမှာ နေထိုင်သူတစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့ဘဝကတော့ အလွန်ကို ကံဆိုးခဲ့ပါတယ်။ သူမရဲ့အဖေကတော့ အလွန်ကိုကြမ်းတမ်းခဲ့တဲ့မတော်တဆတစ်ခုမှာ အသက်သေဆုံးသွားခဲ့ရပါတယ်။ သူမရဲ့အဖေသေဆုံးသွားခဲ့ပြီးတဲ့နောက်မှာလည်း ကံဆိုးမိုးမှောင်ကျမှုတွေက မရပ်တန့်ခဲ့ပါဘူး။ 

သူမရဲ့အမေက သူမအဖေဆုံးပြီးတဲ့နောက်မှာ အခြားယောကျာ်းတစ်ယောက်၏နောက်ကိုလိုက်ကာ သူမတို့ကို ထားရစ်ခဲ့ပါတယ်။ အဖေလည်းဆုံး အမေလဲမရှိတဲ့နောက်မှာတော့ အဆိုပါ မိန်းကလေးတို့မိသားစုမှာ အဘိုးနှင့်အဘွား၂ယောက်သာ ကျန်ရှိတော့ပါတယ်။ အဘိုးနှင့်အဘွားကအလွန်အိုမင်းနေတဲ့အတွက် အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် အဆိုပါ၁၀နှစ်အရွယ်မိန်းကလေးက အလုပ်ကြမ်းလုပ်ကာ အဘိုးနှင့်အဘွားကိုရှာကျွေးနေခြင်းဖြစ်ပါတယ်။

Hein (Mg Lu Aye)

Source – Viral4Real 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။