မင်းသမီးချောလေး Jing Tian ဟာ မင်းသမီး ဖန်ပင်းပင်း တို့နဲ့ အတူ ထိပ်တန်းမင်းသမီး အဖြစ်ရပ်တည်နေသူတစ်ယောက်ပါ။ သူမကို ဂျူလိုင်လ ၂၁ရက် ၁၉၈၈ ခုနှစ်မှာ တရုတ်နိုင်ငံ Xian အရပ်မှာ မွေးဖွားခဲ့ပါတယ်။ သူမ ဟာ ဟန် မျိုးနွယ်စု မှ ဆင်းသက်လာသူလေးပါ။ ဘေဂျင်း အက အကယ်ဒမီ နဲ့ ရုပ်ရှင် အကယ်ဒမီ ကျောင်းကနေ ဘွဲ့ရရှိခဲ့ပါတယ်။ လှပကြော့ရှင်း တဲ့ အလှပိုင်ရှင် မင်းသမီးချောလေးပါ။

တရုတ် နဲ့ အမေရိကန် မှ ဟောလိ၀ုဒ် တို့ ပူးတွဲ ထုတ်လုပ်ရိုက်ကူးတဲ့ The Great Wall ဇာတ်ကားမှာ ပါ၀င်ရိုက်ကူးဖို့ မင်းသမီးချောလေး Jing Tian တစ်ယောက် ရွေးချယ်ခြင်းခံခဲ့ ရပါတယ်။ သူမ အဲ့ဒီ့ ဇာတ်ကားလေးမှာ အမျိုးသမီး စစ်သည်တော် တစ်ယောက် အဖြစ် ပါ၀င်ရိုက်ကူးခဲ့ပါတယ်။ Pacific Rim ဇာတ်ကားမှာ လည်း သူမ ပါ၀င်သရုပ်ဆောင်ထားပါသေးတယ်။ အသားအရေ ဖြူစင်ဝင်းပ ပြီး မြင်သူတိုင်း ငေးမော ရတဲ့ မင်းသမီးလေးပါ။

မင်းသမီးချောလေး Jing Tian ဟာ ဟောလိ၀ုဒ် ရုပ်ရှင်ဆုပေးပွဲ သမိုင်းမှာ နိုင်ငံတကာ အနုပညာရှင် တစ်ယောက် အနေ နဲ့ ဆုရရှိထားတဲ့ တစ်ဦးတည်းသော မင်းသမီးချောလေးပါ။ သွက်လက် ပြီး ချစ်စဖွယ်ကောင်းတဲ့ သရုပ်ဆောင် အမူအရာလေးတွေ ပိုင်ဆိုင်ထားသူလို့ ဆိုရင်လည်းမမှားပါဘူး။ သူမ ပါ၀င်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကတော့ The Warring States (2011), Special ID, Police Story (2013), The Glory of Tang Dynasty (2017) တို့ဖြစ်ပါတယ်။

Source: Chinese Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။