Snare အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်နေဝင်းကတော့ ပရိသတ်လက်ခံတဲ့ နာမည်ကြီး အဆိုတော်တွေ ထဲမှာပါဝင်ပါတယ်။ သူတို့ရဲ့ ဟစ်ဟော့သီချင်းတွေဟာ လူငယ် ပရိသတ် တွေကြား လူကြိုက်များ ရေပန်းစား လျက်ရှိပြီး အမြဲလိုလိုအသစ်အဆန်း သီချင်းအမိုက် စား များနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်သူပါ။ အဆိုတော် နေဝင်းရဲ့ ချစ်သူ ကောင်မလေးက ဘယ်သူ လဲဆိုတာ ခရီးသွားရတာကို သဘောကျ နှစ်သက်တဲ့သူတိုင်း သိလိမ့် မယ် ထင် ပါတယ်။

Travel Kueen လို့လူသိများပြီး “ ချော” လို့ချစ်စနိုးခေါ်တက်တဲ့ သူမဟာ Travel Blogger တစ်ယောက်လည်း ဖြစ်ပါတယ်။ ခရီးသွားရင်ပျော်နေတက်တဲ့ သူမဟာတော့ ခရီးများထွက် ကာ သူမရဲ့အတွေ့အကြုံများနဲ့ ဗဟုသုတများကို လူမှုကွန်ရက် စာမျက်နှာများ တွင်သာမက တီဗွီအစီအစဉ်များတွင်လည်း အမြဲလိုလို ပြန်လည် မျှဝေနေသူ တစ်ယောက်ပါ။ ကဗျာတွေ၊ စာတွေ ကြိုက်နှစ်သက်တဲ့သူမနဲ့ သီချင်းတွေကြိုက်နှစ်သက်တဲ့ သူတို့စုံတွဲကတော့ အားကျ စရာပါ။ သူတို့ နှစ်ယောက် ဟာ ခရီးများအတူထွက်တာ အေးချမ်းပျော်ရွှင်နေတဲ့ သူတို့ ပုံလေး တွေကို လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြလေ့ရှိပါတယ်။

လိုက်ဖတ်ညီပြီး အေးချမ်းတဲ့အသွင်ရှိတဲ့ သူမတို့ရဲ့ ဓာတ်ပုံလှလှလေးများကို Myanmar Load ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ ပုံတွေကြည့်ပြီးရင်တော့ ချစ်သူ လက်ဆွဲပြီး ခရီးတစ်ခုသာထွက်လိုက်ပါတော့နော် ။

Socrce - Travel Kueen

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။