အမေရိကန်အိုလံပစ်ကော်မတီ (USOC) မှဦးပြုလုပ်ခဲ့သည့် တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲအခမ်းနား ၂၀၁၇ Team USA Awards တွင် နပန်းကစားသမား ကိုင်လေဆနီဒါနှင့်အတူ ရေကူးမယ် ကေတီလီဒက်ကီတို့ မှ ရရှိခဲ့သည့်။ နာမည်ကျော်ရေကူးမယ် လီဒက်ကီသည် ယင်းဆုကို နှစ်နှစ်ဆက်တိုက်ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ ယင်းဆုပေးပွဲကို လော့စ်အိန်ဂျလိစ်မြို့ရှိ UCLA’s Royce Hall တွင်ကျင်းကခဲ့ခြင်းဖြစ်သည်။ ဆုပေးပွဲအခမ်းနားတွင် ဆုအမျိုးစားပေါင်း (၈) မျိုးအထိ ချီးမြှင့် ခဲ့ပါတယ်။

ဆုပေးပွဲအခမ်းနားတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကျိုးပြုနိုင်သူဆုများဖြစ်သည့် ဂျက်ဆီအိုဝင်ဆုကို တာတိုပြေးမယ် အယ်လီဆန်ဖီးလစ် ကရရှိခဲ့ပါသည်။အကောင်းဆုံးအားကစားသမားနှင့် အသင်းလိုက်ဆု (၆) ဆုအတွက် Team USA.org တွင် ပရိသတ်များ၏ မဲပေးဆုံးဖြတ်မှုမှ (၅၀) ရာခိုင်းနှုန်း၊ အိုလံပစ်ကော်မတီဝင်များနှင့် ဂျာနယ်လစ်များပါ၀င်သည့် ဆုရွေးချယ်ရေးခုံအဖွဲ့၏ မဲကေးမှုမှ (၅၀) ရာခိုင်နှုန်း စာရင်းကောက်ယူတွက်ချက်ပြီး အကောင်းဆုံးဆုကို ရွေးချယ်ခဲ့သည်။Team USA.orgတွင် ပရိသတ်စုစုပေါင်း (၂၆၀,၈၀၀)ဦး မဲပေးခဲ့ကြောင်း သိရပါသည်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။