တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မင်းသမီး ဆောင်းဟေဂိုကိုတော့ မြန်မာ ပရိသတ်တွေအနေနဲ့ အထူးမိတ်ဆက်ပေးစရာမလိုောတ့အောင် ရင်းနှီးကျွမ်းဝင်ပြီးသား မင်းသမီးတစ်လက် ဖြစ်ပါတယ်..။

မင်းသမီးချော ဆောင်းဟေဂိုကတော့ တောင်ကိုရီးယားနိုင်ငံမှာသာမက အာရှနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေက ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုတွေ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။

အားလုံးက ချစ်ခင်အားပေးရတဲ့ မင်းသမီး ဆောင်းဟေဂိုဟာ ယောင်္ကျားလေး ပရိသတ်တွေအပြင် မိန်းကလေး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုပါ ရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

ဒီတစ်ခေါက်မှာလည်း အိန္ဒိယ သတင်းစာတစ်ခုမှာ ကိုရီးယားဆယ်လီအဖြစ် ပထမဆုံး ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်..။

အိန္ဒိယရဲ့ နာမည်ကြီး သတင်းစာ တစ်ခုဖြစ်တဲ့ ‘The Times NIE’ (Times Newspaper in Education) သတင်းစာမှာ ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်..။ သူမအတွက်တော့ ဂုဏ်ယူစရာ အောင်မြင်မှုတစ်ခုပါပဲ..။

အဲ့ဒီ သတင်းစာက အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး အထင်ကရ ပညာရေးပိုင်းဆိုင်ရာ သတင်းစာဖြစ်သလို ကမ္ဘာက ချီးမြှင့်ထားတဲ့ ဆုနှစ်ဆုကိုလည်း ရရှိထားတာ ဖြစ်ပါတယ်..။

Times NIE – World’s No.1 NIE program and The Times of India, Student Edition – World’s No.1 Newspaper ဆိုတဲ့ ဆုတွေကို ရရှိထားတာ ဖြစ်ပါတယ်..။

အံ့မခန်းလောက်အောင် အောင်မြင်မှုတွေရရှိထားတဲ့ သူမကတော့ ဘောလိဝုဒ်လို နာမည်ကျော် သရုပ်ဆောင်တွေများစွာ ပေါ်ထွက်ခဲ့တဲ့ အိန္ဒိယလို နေရာမျိုးမှာပါ သူမရဲ့ အောင်မြင်မှုတွေနဲ့ လွှမ်းမိုးထားတာ တွေ့ရပါတယ်..။

အဲ့ဒီသတင်းကို ပရိသတ်တစ်ဦးက တွေ့ရှိခဲ့တာ ဖြစ်ပြီး အဆိုပါသတင်းစာမှာတော့ ဆောင်းဟေဂိုအကြောင်းကို အကျဉ်းချုံးဖော်ပြထားတာ ဖြစ်ပါတယ်..။

“Korea Wave ကြီး တကမ္ဘာလုံးကို စတင်ဖြန့်ကျက်လွှမ်းမိုးတဲ့ အချိန်မှာ မင်းသမီး Song Hye Kyo က ကိုရီးယား အနုပညာလှိုင်းမှာ အခိုင်အမာတစ်နေရာယူထားခဲ့ပါတယ်..။

နာမည်ကျော် ကိုရီးယား TV ဒရမ်မာဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Song Hye Kyo ကတော့ ကောင်းမွန်မှန်ကန်တဲ့ အကြောင်းပြချက်တွေနဲ့အတူ သတင်းခေါင်းကြီးပိုင်းတွေမှာ အမြဲနေရာယူထားတာ တွေ့ရပါတယ်..။

သူမရဲ့ (၂၀၁၆)ခုနှစ်မှာ ရိုက်ကူးထွက်ရှိထားတဲ့ “Descendants of the sun” ဇာတ်ကားကတော့ အနုပညာထူးချွန်ဆုတွေ ဆွတ်ခူးရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်..။

မူလတန်းကနေ ရှစ်တန်းအထိ ရေခဲပြင်စကိတ်စီး အားကစားသမားအဖြစ် လေ့ကျင့်ပျိုးထောင်ခံခဲ့ရတာ ဖြစ်ပြီး အသက်(၁၄)နှစ်အရွယ်မှာ အနုပညာလောကကို မော်ဒယ်အဖြစ် စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်..။

သူမက ဇာတ်လမ်းတွဲလေးတွေမှာ ပါဝင်ရိုက်ကူးခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်မှာနာမည်ကျော် Autumn In My Heart ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီး နာမည်ကြီးသရုပ်ဆောင်ဖြစ်လာခဲ့ပါတယ်..။” လို့ အကျဉ်းချုံး ဖော်ပြထားတာ ဖြစ်ပါတယ်..။

Source – kstarlive

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။