ပရိသတ်အချစ်တော်ဂွမ်းပုံတစ်ယောက်လက်တစ်လောမှာအနုပညာလုပ်ငန်းတွေခေတ္တခဏရပ်ဆိုင်းထားပြီးချစ်ရတဲ့မိသားစုအပေါ်အချိန်ပေးဖြစ်နေတာပဲဖြစ်ပါတယ်။

မိသားစုနဲ့အတူမြန်မာပြည့်အနှံဘုရားဖူးခရီးလေးထွက်ဖြစ်နေတာဖြစ်ပြီးအလုပ်ရဲ့ပင်ပန်းခဲ့သမျှအတိုးချအပန်းဖြေနေတာပဲဖြစ်ပါတယ်။သူမရဲ့ရှုတင်အားရက်လေးမှာ မန္တလေး,မုံရွှာ,စစ်ကိုင်း,မေမြို့စုံနေအောင်ဘုရားပတ်ဖူးလိုက်တာပဲဖြစ်ပါတယ်။

သူမအတွက်တော့တကယ်ကိုပျော်ရွှင်စရာမိသားစုခရီစဉ်လေးပဲဖြစ်ပါတယ်။ 

ပျော်စရာကောင်းတဲ့မိသားစုခရီးစဉ်လေးကိုဒီဇင်ဘာ၂ရက်နေ့ကစတင်ထွက်ခဲ့ကြတာဖြစ်ပြီးဒီနေ့မှာတော့ခရီးစဉ်လေးဟာအောင်မြင်စွာနဲ့ပြီးဆုံးခဲ့ပြီးဖြစ်လို့ရန်ကုန်ကိုပြန်လာနေပြီပဲဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်မှာလဲဘုရားဖူးသွားနေစဉ်တစ်လျောက်လုံးအမှတ်တရပုံရိပ်လေးတွေကိုပရိသတ်တွေအတွက်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။

ပုံရိပ်လေးတွေထဲမှာအရမ်းကိုပျော်မဆုံးဖြစ်နေတဲ့ဂွမ်းပုံရဲ့ပုံရိပ်လေးတွေမြင်တွေ့ရတာဖြစ်ပြီးတကယ့်ကိုကြည်နူးစရာပါပဲပရိသတ်ကြီးရေ။  

ဂွမ်းပုံဟာအနုပညာလမ်းကြောင်းပေါ်မှာလဲပရိသတ်တွေချစ်ခင်ရတဲ့သူတစ်ယောက်ဖြစ်သလိုမိသားစုအပေါ်မှာလဲတာဝန်ကျေတဲ့သမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကြိုးစားလုပ်ကိုင်ပြီးချစ်ရတဲ့မိဘနှစ်ပါးကိုထောက်ပံ့ပေးနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ခုလိုချစ်ရတဲ့မိဘနှစ်ပါးနဲ့ခရီးသွားရတာလဲသူမအတွက်အဖိုးမဖြတ်နိုင်တဲ့ပျော်ရွှင်မှုကိုပေးစွမ်းပါတယ်လို့ဆိုပါတယ်။

မိဘနှစ်ပါးကိုကျန်းမာပျော်ရွှင်စွာနဲ့နှစ်ပေါင်းများစွာချစ်သမီးလေးလုပ်ကျွေးခွင့်ရပါစေလို့လဲဘုရားဖူးရင်းဆုတောင်းခဲ့တာပဲဖြစ်ပါတယ်။ကြည်နူးဖွယ်မိသားစုခရီးစဉ်လေးမှပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်အမြစ် - တက္ကသိုလ်ဂွမ်းပုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။