ပရိသတ်အချစ်တော် ရွှေအိမ်စည်တစ်ယောက်ကတော့ အနုပညာလုပ်ငန်းများနဲ့ မအားလပ် လို့ နေပါတယ်။ သူမဟာဆိုရင်တော့ Miss Grand Myanmar 2017 တစ်ယောက်ဖြစ်ပြီး သူမရဲ့ ထူးခြားတဲ့ အရပ်အမောင်း အမိုက်စားကိုယ်နေဟန်ထားတို့က ဆွဲဆောင်မှုတစ်ခုပါ။ မကြာမီသေးမီက ဖြစ်ပွားခဲ့တဲ့ Miss Grand International 2017 လူစားလဲကိစ္စ များနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာ မျက်နှာများတွင် အချိန်တိုအတွင်း ပိုပြီးလူသိများကာ အောင်မြင် ကျော်ကြားခဲ့သူ တစ်ယောက်ပါ။

ဒီဇင်ဘာ (၁)ရက်နေ့က သူရဲကောင်းစစ်သည် ဗိမ္မာန်မှာ ကျင်းပခဲ့တဲ့ သူရဲကောင်း စစ်သည် များအလေးပြု ပွဲမှာ လည်း သူမကို လှပတဲ့ မြန်မာဝတ်စုံလေးနဲ့ တွေ့ခဲ့ရပါသေးတယ် ။မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်လာရောက်ခဲ့အခါ တုန်းကလည်း တကူးတကအချိန်ယူပြင်ဆင်ခဲ့တဲ့ ဝတ်စုံဖြင့် သွားရောက်ကြိုဆိုခဲ့ကာ သူမရဲ့လေးစားမှုကို ပြခဲ့ပါတယ်။

အင်္ဂလိပ်ဘာသာ စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကာ ရဲဝင့်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောမှတော့ အနုပညာလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပွဲများတွင် သူမကိုအမြဲလိုလိုတွေ့နေရပါတယ် ။ Miss တစ်ယောက်ရဲ့ အရည်အချင်း များပြည့်စုံကာ ထူးချွန်တဲ့သူမကိုလည်း အားပေးရအောင်ပါ ပရိသတ်ကြီးရေ ။

Source – Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။