မင်းသားချော Mark Prin ဟာ ထိုင်းနိုင်ငံ ရဲ့ နာမည်အကျော်ကြားဆုံး မင်းသားတစ်လက်ပါ။ မင်းသား Mark Prin တစ်ယောက် နာမည်ကျော် ရုပ်ရှင် ဇာတ်ကား ပေါင်းများစွာ မှာပါ၀င်သရုပ်ဆောင်ထားပါတယ်။ သူနဲ့ အတူ တွဲဖက် သရုပ်ဆောင်ထားတဲ့ မင်းသမီး လေးတွေ ကလည်း ခေသူတွေ မဟုတ်ပါဘူး။ တကယ့်ကို နာမည်ကြီး အချောအလှ မင်းသမီးလေးတွေပါ။

သူတို့ကတော့ Kimmy, Yaya, Ploy Chermarn, Mint Natwara, Mint Chalida, Bella Ranee, Anne Thongprasom, Taew Natapohn, Mew Nittha တို့ပဲဖြစ်ပါတယ်။ မင်းသမီးလေး Kimmy နဲ့ ကတော့ ရုပ်ရှင်ထဲမှာ အတူသရုပ်ဆောင် ထားရုံသာမက တကယ့်အပြင်မှာလည်း ချစ်သူတွေပါ။ အရမ်းလိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့ စုံတွဲလေးဆိုလည်း မမှားပါဘူး။ မင်းသား Mark Prin နဲ့ မင်းသမီးလေး Yaya လည်းတွဲဖက် သရုပ်ဆောင်ဖူးပါတယ်။

ပရိသတ် အချစ်တော် မင်းသား Mark Prin နဲ့ တွဲဖက်သရုုပ်ဆောင်ဖူးတဲ့ မင်းသမီး လေးတွေ ရဲ့ ပုံရိပ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ သူတို့ဟာ လက်ရှိမှာလည်း အောင်မြင်ကျော်ကြားလျက် ရှိတဲ့ မင်းသား၊ မင်းသမီးလေးတွေပါ။ အရမ်းကို ကြည့်လို့ကောင်းပြီး ချစ်စရာကောင်းတဲ့ ထိုင်းနိုင်ငံ ရဲ့ နာမည်ကျော် မင်းသား၊ မင်းသမီး ချော လေးတွေပါ။

Source: Thai Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။