အဆိုတော်ဆန်းသစ်လဟာဆိုရင် ယခင်ကနာမည်ကျော်အဆိုတော် ဒေါ်မေရွက်ဝါရဲ့ ချစ်စဖွ ယ် သမီးလေးတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့အသံချိုချိုလေးနဲ့ သီဆိုထားတဲ့ တေးသီချင်း တွေကို “ မေ့မေ့ရဲ့အောက်စီဂျင် ” ဆိုတဲ့နာမည်လေးနဲ့ သီချင်းခွေလေးတစ်ခွေ ထုတ်ဝေထား တာပဲဖြစ်ပါတယ်။ သူမမိခင် ဒေါ်မေရွက်ဝါရဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အောက်စီ ဂျင် ဆိုတဲ့သီချင်းလေးကို ပြန်လည်ဖော်ကျူးသီဆိုထားတဲ့သီချင်းလေးကိုလည်း သူမရဲ့အခွေ ထဲမှာ ထည့်ဆိုထားပါသေးတယ်။ သူမဟာ Galaxy Star Myanmar 2017 ပွဲမှာလည်း နာမည်ကျော် Presenter ကောင်းထက်ဇော်နဲ့ အတူ ပါဝင်တင်ဆက်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်က သူမချစ်သူရဲ့မွေးနေ့ပွဲအတွက် Surprise လေးလုပ်ပေးခဲ့တဲ့ ကြည်နူးဖွယ် ပုံရိပ်လေးတွေကို Facebook ပေါ်မှာ တင်ခဲ့ပါသေးတယ်။

သူမပုံစံလေးက အနေအေးဆေးတည်ငြိမ်သူပုံစံလေးဖြစ်နေတာကြောင့် တည်ငြိမ်တဲ့ ဇာတ်ရုပ် တွေကို ရိုက်ကူးဖို့အတွက် ကမ်းလှမ်းတာတွေရှိပေမယ့် သူမကတော့ ဟာသဇာတ်ရုပ်ကို သရုပ်ဆောင်ချင်ပါ တယ်လို့ဆိုပါတယ်။ သူမကိုဇာတ်လမ်းတွဲလေးတွေရိုက်ဖို့ ကမ်းလှမ်း ထားတာတွေရှိတယ်လို့ ဆိုပါ တယ်။ သို့ပေမယ့် သူမအနေနဲ့ကတော့ အဆိုပိုင်းကို ဦးစား ပေးပြီး လုပ်ဖို့ရှိတယ်လို့ဆိုပါတယ်။ သူမကို ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းတဲ့အခါမျိုးတွေမှာ အေးဆေးတည်ငြိမ်တဲ့ဇာတ်ရုပ်မျိုးတွေများတယ်လို့ သူမက ပြောပါတယ်။ တကယ်တော့ သူမ အနေနဲ့ ဒီလိုအေးဆေးတည်ငြိမ်တဲ့ဇာတ်ရုပ်ထက် သွက်သွက် လက်လက်ကလေးနဲ့ ဟာသ လုပ်ရတာကို သဘောကျတယ်လို့သူမကဆိုပါတယ်။ သူမက ဟာသကို အရမ်းသဘောကျ တာကြောင့် ဟာသဇာတ်ရုပ်ကိုကမ်းလှမ်းခဲ့ရင် လုပ်ချင်တယ်လို့ဆိုပါတယ်။

သိပ်မကြာခင်ကထွက်ရှိထားတဲ့ မေမေ့ရဲ့အောက်စီဂျင်ဆိုတဲ့ သီချင်းခွေလေးကိုလည်း ပရိတ် သတ် တွေက အားပေးကြပါဦးလို့ သူမတောင်းဆိုထားပါတယ်။ MTV လည်းရိုက်ကူးတော့ မှာဖြစ်ပြီး သီချင်းဟောင်းတွေဖြစ်တဲ့ အချစ်ဆိုတာ၊ မောင်ရေ အချစ်ရေနဲ့ မေမေ့ရဲ့ အောက် စီဂျင်သီချင်းကို အရင်ထွက်ရှိထားတဲ့ ပုံစံကိုမှီငြမ်းပြီး ရိုက်ကူးသွားမယ်လို့သူမက Interview တစ်ခုမှာပြောကြားထား ပါတယ်။ ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ဆန်းသစ်လကို ဝန်းရံလိုက်ကြပါဦးနော်။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။