သူမတို့(၃)ယောက်စလုံးကတော့ အနုပညာလမ်းကြောင်းပေါ် အောင်မြင်မှုကိုယ်စီနဲ့ ရပ်တည်နေတဲ့ အလှပဂေးတွေပါ။

ဓာတ်ပုံထဲမှာပါ၀င်တဲ့ အလှပဂေးတွေကတော့ ဒိတ်ဒိတ်ကျဲ မင်းသမီး(၃)လက်ဖြစ်တဲ့ ရွှေမှုံရတီ ၊ ခင်ဝင့်ဝါ နဲ့ မေမြင့်မိုရ် တို့ဖြစ်ပါတယ်။

ချစ်စရာကောင်းလွန်းနေတဲ့ ဟန်ပန်တွေနဲ့ အရောင်သွေးစုံစွာ လှပနေတဲ့ သူတို့(၃)ယောက်ဟာ SK Jewellery လက်ဝတ်ရတနာကြော်ငြာ အတွက် ရိုက်ကူးပေးနေတာဖြစ်တယ်လို့သိရပါတယ်။နိုင်ငံကျော် သရုပ်ဆောင်တွေဖြစ်တဲ့ ရွှေမှုံ ၊ ခင်ဝင့်ဝါ နဲ ့မေမြင့်မိုရ်တို့ဟာ အနုပညာဝါ မတူပေမယ့်လည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ နာမည်ရမင်းသမီးလေးတွေဖြစ်ပါတယ်။

သရုပ်ဆောင် ရွှေမှုံရတီ နဲ့ ခင်ဝင့်ဝါကတေ့ာ ချိုမြိန်သောလက်စားချေခြင်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ပြိုင်မင်းသမီးတွေအနေနဲ့ ပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

MRTV4 ရဲ့ ပင်တိုင်မင်းသမီးလေးအဖြစ် သိကြတဲ့ မေမြင့်မိုရ်ကတော့ သူမရဲ့ ပွဲဦးထွက်ဇာတ်ကားမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့သလို ပရိသတ်လက်ခံအားပေးမှုတွေရရှိထားတဲ့ မင်းသမီးတစ်လက်ပါ။ကြော်ငြာကိုအသက်ဝင်အောင်ရိုက်ကူးနေတဲ့ ရွှေမှုံတို့(၃)ဦးရဲ့ ရိုက်ကွင်းက အလှပုံရိပ်တွေကို ပရိသတ်ကြီးသဘောကျမယ်လို့မျှော်လင့်ပါတယ်။

ဘယ်သူ့ကိုအချစ်ဆုံးလဲ။  

Source : Sunday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။