ပရိသတ်အချစ်တော် မင်းသမီးလေး ယွန်းဝတီလွင်မိုးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို ခေတ္တနားထားပြီး ပြည်ပမှာ ပညာသင်ယူနေတာပဲဖြစ်ပါတယ်။ သူမဟာ သြစတြေးလျရဲ့ နာမည်ကြီး တက္ကသိုလ်ဖြစ်တဲ့ University of Melbourne မှာ foundation class ကို တက်ရောက်နေတာဖြစ်ပြီး ယခု ဘွဲ့ရသွားပြီဖြစ်ကြောင်း သူမရဲ့ လူမှုစာမျက်နှာကတဆင့် သိရပါတယ်။

ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ လူမှုစာမျက်နှာမှာ "Graduation day " ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ ဘွဲ့ယူနေတဲ့ ဓာတ်ပုံလေးတွေကို တင်ထားပါတယ်။ ဒီ post အောက်မှာတော့ သူမကိုချစ်ကြတဲ့ ပရိသတ်တွေက သူမအတွက် Congratulations လုပ်ပေးထားကြတာကိုလည်း တွေ့ရပါတယ် ပရိသတ်ကြီးရေ။ သူမရဲ့ မိခင်ဖြစ်တဲ့ မမေသူကလည်း သမီးလေးရဲ့ Graduation ဓာတ်ပုံလေးတွေကို တင်ထားတာတွေ့ရပါတယ်။

ယွန်းဝတီလွင်မိုးဟာ လက်ရှိမှာတော့ သူမရဲ့ ပညာရေးကို ဦးစားပေးလုပ်ကိုင်နေတာတွေ့ရပြီး တလောကတော့ ညီမဖြစ်သူနဲ့အတူ Bella Cosmetics အတွက် မြန်မာပြည်မှာ ကြော်ငြာတစ်ခု ပြန်ရိုက်ကူးခဲ့ပါသေးတယ်။ ယွန်းဝတီလွင်မိုးဟာ အင်တာဗျူးတစ်ခုမှာတော့ အနုပညာအလုပ်တွေကိုလည်း လုပ်ချင်ပေမယ့် ပညာရေးဆုံးခန်းတိုင်ပြီး ဖခင်လွင်မိုးနဲ့အတူ စီးပွားရေးတွေလည်း ကူညီလက်တွဲပြီး လုပ်ချင်သေးတယ်လို့ ဖြေဆိုခဲ့ဖူးပါတယ် ပရိသတ်ကြီးရေ.....

Source: Yoon Wadi Lwin Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။