MRTV-4 ရဲ့ နာမည်ကြီး အစီအစဉ်တစ်ခုဖြစ်တဲ့ "ခေတ်သစ်ပျိုမေ" ရဲ့ ပင်တိုင် Host တစ်ဦးဖြစ်တဲ့ သဇင်နွယ်ဝင်းဟာ ပရိသတ်တွေကြား ရေပန်းစားလှပါတယ်။ Presenter လောကမှာ နာမည်တစ်ခုရရှိထားတဲ့ သူမဟာ အနုပညာရှင်တစ်ဦးမဟုတ်ပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူတစ်ဦးဖြစ်ပြီး ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေရသူ တစ်ဦးဖြစ်ပါတယ်။

အသံချိုချို အပြုံးချိုချိုလေးနဲ့ သူမရဲ့ ဝတ်စားဆင်ယင်ပုံလေးတွေဟာလည်း ပရိသတ်တွေ စောင့်ကြည့်ရတဲ့ထဲမှာ ပါဝင်လို့နေပါတယ်။ တလောက အင်းဝမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းမီဒီယာတွေအထိ ပျံ့နှံ့ခဲ့ပြီး ရိုးရိုးယဉ်ယဉ်လေးနဲ့လှနေတဲ့ သူမရဲ့ ဓာတ်ပုံတွေဟာ ပရိသတ်တွေကြား အတော်လေးရေပန်းစားခဲ့ပါတယ်။ သူမဟာ သူမရဲ့ အလှဓာတ်ပုံလေးတွေနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို သူမရဲ့ Fan page မှာ တင်ပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သူမရဲ့ အချစ်ရေးဟာလည်း ပရိသတ်တွေအတွက် အားကျစရာကောင်းလှပါတယ်။ သူမရဲ့ ချစ်သူနဲ့ ချစ်သူသက်တမ်းတစ်ခု အခိုင်အမာတည်ဆောက်ဖားပြီး ပရိသတ်တွေ အားကျရတဲ့ စုံတွဲတစ်တွဲလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမဟာ ပွဲတွေမှာလည်း MC အဖြစ် လုပ်ကိုင်နေတာတွေ့သလို သူမရဲ့ "ခေတ်သစ်ပျိုမေ" အစီအစဉ်မှာလည်း နေ့စဉ်ပါဝင် နေတာတွေ့ရပါတယ်။

Photo Source: Thazin Nwe Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။