မင်းသမီးချောလေးနန်းဆုရတီစိုးကတော့ ဘယ်ချိန်ကြည့်ကြည့် နုပျိုပြီး ချောမောနေတာပါပဲ ။

မော်ဒယ်စစလုပ်ကာစကထက် ခုနောက်ပိုင်းတွေမှာ ပိုပြီးလှလာတယ်လို့တောင် သူမပရိတ်သတ်တွေကဆိုနေကြပါတယ် ။

သရုပ်ဆောင်အလုပ်မှာတင် ပရိတ်သတ်အားပေးတာခံရတာမဟုတ်ပါဘူး ။ သူမ ဆိုခဲ့တဲ့ ရူးအောင်ချစ်မိသူ ဆိုတဲ့ သီချင်းလေးကလည်း လူငယ်တွေကြားထဲ အတော်ရေပန်းစားသွားခဲ့ပြီး အဆိုပါ MTV ထဲက မျက်နှာမဖော်ထားဘဲ သရုပ်ဆောင်ခဲ့တဲ့ယောကျာင်္းလေးသရုပ်ဆောင်ကို ဘယ်သူလဲလို့တောင် ၀ုိင်းသိချင်ခဲ့ကြတာပါ ။ ( နောက်ပိုင်းမှာတော့ GFatt ဆိုတာ ဖွင့်ပြောပြခဲ့ပါတယ် ။ )

ခုလက်ရှိမှာ အဆိုတော်တစ်ဦးနဲ့ ချစ်သူတွေဖြစ်နေကြတဲ့ မင်းသမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို သူမကို ချစ်တဲ့ ပရိတ်သတ်ကြီးအတွက် စုစည်းဖော်ပြပေးလိုက်ပါတယ် ။ သဘောကျလားပြောခဲ့ကြဦးနော် ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Saw La Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။