ဒီနေ့မွေးဖွားတဲ့ နာမည်ကြီးဆယ်လီတွေထဲမှာ ရုပ်ရှင် သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သား ဘုန်းမင်းနေလလည်း ပါ၀င်ပါတယ်။

နိုင်ငံကျော်မင်းသမီးတစ်လက်အဖြစ် ကျော်ကြားခဲ့တဲ့ အကယ်ဒမီ ခင်ဇာခြည်ကျော်က သူမရဲ့ သားဖြစ်သူအတွက် ယနေ့မနက်စောစောမှာ ေ့ဖဘုတ်ကနေ မွေးနေ့ဆုတောင်းစကားပါးခဲ့ပါတယ်။

“သား ကြီး ရေ ....အော် ..ဘာ လို လို နဲ ့ ငါ့ သား တောင် အသက် ၁၆ နှစ် ပြည့် သွားပြီ ...မေ မေ့ ရဲ ့ တိုင်ပင် ဖော် , မေ မေ ရဲ ့အား အထား ရဆုံး အချစ် ဆုံး သား ကြီး ဒီ နေ ့ ၁၆နှစ် ပြည့် မွေး နေ ့ မှ စ၍ စိတ် ၏ ချမ်းသာ ခြင်း ကိုယ် ၏ကျမ်း မာ ခြင်း နှင့် ပြည့် စုံ ပြီး အသက် ရာ ကျော် ရှည် ပါ စေ..! ပညာ တတ် ကြီး ဖြစ် ပါ စေ..!!

Happy Birthday My Lovely Son”” ဆိုပြီး ရေးသားထားပါတယ်။

သားတစ်ယောက် သမီးတစ်ယောက် ရဲ့ မိခင်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ဟာ အိမ်ထောင်ရေးကွာရှင်းထားပြီး Single Mother အဖြစ် သားသမီးတွေကို ပြူစုပျိုးထောင်ပေးနေသူဖြစ်ပါတယ်။

ပြည်ပမှာ သူမကိုအရမ်းချစ်တဲ့ လက်တွဲဖော်သစ်ကိုလည်း ပိုင်ဆိုင်ထားရပြီး လက်တလောမှာ မိသားစုနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတာဖြစ်ပါတယ်။

သားဖြစ်သူ ဘုန်းမင်းနေလဟာ ကြော်ငြာအချို့လည်း လက်ခံရိုက်ကူးထားဖူးတာကြောင့် ပရိသတ်တွေနဲ့ မစိမ်းသူဖြစ်ပါတယ်။

မိခင်ရဲ့ အနုပညာခြေရာနင်းမယ့် သားတစ်ယောက်ဖြစ်မှာ သေချာပေမယ့် မဇာလေးကတော့ သားဖြစ်သူကို ပညာရေးကိုပဲ ဦးစားပေးဦးမယ့်ပုံပါပဲ။

ချစ်စရာကောင်းတဲ့ သား ချော သမီးချောလေးတွေကို ပရိသတ်တွေလည်းလူမှုကွန်ရက်မှာ ဓာတ်ပုံလေးတွေမြင်ပြီး သိနေလောက်မှာပါ။

ခင်ဇာခြည်ကျော်ဟာ သူတို့သားအမိပုံလေးတွေကိုလည်း ရံဖန်ရံခါ တင်လေ့ရှိပြီး အသက်(၁၆)နှစ်အရွယ်သားဖြစ်သူရဲ့ ခန့်ညားတဲ့ရုပ်ရည်သွင်ပြင်ကြောင့်ဆယ်ကျော်သက်မိန်းကလေးပရိသတ်တွေကတော့ သဲသဲလှုပ်စိတ်ဝင်စားနေမှာဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း မဇာလေးကိုချစ်ရင် ဘုန်းမင်းနေလအတွက် မွေးနေ့ဆုတောင်းပေးလိုက်ပါဦးနော်။  

Source : Khinzarchi Kyaw zarlay fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။