မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ PSG အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ရမှတ် ၁၅ စီရရှိကာ အမှတ်တူညီနေပေမဲ့ PSG အသင်းဟာ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲမှာရော ဂိုးကွာခြားချက်ရောသာနေခဲ့တာကြောင့် အုပ်စု ပထမနေရာကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းကတော့ PSG အိမ်ကွင်းမှာ ရှုံးနိမ့်ထားတဲ့ ရှုံးကြွေးကို ပြန်လည်ချေပနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လီဝန်ဒေါစကီး ၊ ရီဘာရီ၊ ဂျိန်းရော်ဒရီဂွက်၊ ကိုမန်း၊ ရူဒီ၊ တိုလီဆို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ နေမာ၊ ကာဗာနီ၊ အမ်ဘက်ပီ၊ ဒရက်ဇလာ၊ ရာဘီယော့၊ ဗာရက်တီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းချက်တွေ အနည်းငယ်အသာရရှိခဲ့ပေမဲ့ အိမ်ရှင်အသင်းကသာ နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၈ မိနစ်မှာပဲ လီဝန်ဒေါစကီး က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၃၇ မိနစ်မှာတော့ တိုလီဆိုက ဘိုင်ယန်မြူးနစ်အသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။၆၉ မိနစ်မှာလည်း တိုလီဆိုကပဲ တတိယ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။PSG အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ အမ်ဘတ်ပီ က မိနစ် ၅၀ မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။