မြန်မာ့ရုပ်ရှင်လောက၏ နှစ်စဉ်ပြုလုပ်လျှက်ရှိသော အကယ်ဒမီဆုပေးပွဲကို ၂၀၁၈ ခုနှစ် မတ်လ ပြည်သူ့ရင်ပြင် တွင်ပြုလုပ်ဖို့ အကယ်ဒမီဦးဇင်ဝိုင်း စီစဉ်နေသည် ကိုသိရပါတယ်။ ရုပ်ရှင်လောက၏ နာမည်ကြီးလူကြိုက်များ သရုပ်ဆောင်မင်းသားချောကြီး အကယ်ဒမီဦးဇင်ဝိုင်းသည် ၂၀၁၈ ခုနှစ် မတ်လတွင်ပြုလုပ်မည် အကယ်ဒမီဆုပေးပွဲကို အဓိကတာဝန်ရှိသူ ရုပ်ရှင်အစည်းအရုံး၏ ဥက္ကဌ အဖြစ်ဆောင်ရွက်ကာ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ကျင်းပရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ 

“ မတ်လကို ကျွန်တော်တို့အဓိကထားပြီးတော့ လုပ်နေပါတယ်။ အကယ်ဒမီအတွက် ကိုနေရာညှိနှိုင်းဆဲ ဖြစ်ပါတယ်။မနှစ်တုန်းက ပြည်သူ့ရင်ပြင်မှာဖြစ်ပါတယ်။ ဒီနှစ်ထပ်မံကျင်းပနိင်ရင်တော့ အကောင်းဆုံးပေါ့ ရုပ်ရှင်လောကသားတွေ အတွက်တင့်တင့်တယ်တယ် ရှိနိင်ဖို့က အကောင်းဆုံးပေါ့။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ကျွန်တော်တို့က ထပ်မံပြီး တင်ပြရမှာပဲဖြစ်ပါတယ်။ အဲ့နေရာကိုတော့ အဓိကကွျွန်တော်တို့ ဦးတည်ထားပါတယ်။ မရရင်တော့ တစ်ခြားနေရာမှာ လုပ်နိင်ဖို့ စဉ်စားထားပါတယ်” လို့ သူက ပြောပြခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီဆုကို (၁၁) ဆု အပြည့်ပေးနိင်ရန်လည်း အကဲဖြတ်အဖွဲ့ဝင်များ၊ အမှုဆောင်များ ကိုတင်ပြသွားမယ်လို့ အကယ်ဒမီ ဦးဇင်ဝိုင်းက ပြောသွားပါတယ်။ ကဲမြန်မာ့ရုပ်ရှင်ချစ် ပရိတ်သတ်များ မိမိတို့ ချစ်ခင်နှစ်သက်သော အနုပညာရှင်များကို ကြိုရင်ခုန်နိင်ရန် မြန်မာ့အနုပညာချစ် ပရိသတ်များ အတွက် အကယ်ဒမီ ဆုပေးပွဲအခမ်းအကြောင်း မျှဝေပေးလိုက်ပါတယ်။

Source- MC 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။