အများထင်သလို အဆင်ပြေနေသူမဟုတ်ဘူးဆိုတဲ့ ကျင်ဝှက်

လူရွှင်တော် ကျင်ဝှက်ဟာ မြန်မာတစ်နိုင်ငံလုံးချစ်ကြတဲ့ ဟာသလူရွှင်တော်အဖွဲ 5 stars အဖွဲ့ရဲ့ အဖွဲဝင်တစ်ဦးဖြစ်ပါတယ်။သူတို့ရဲ့အလုပ်ဟာ ပရိသတ်ကိုပျော်ရွှင်ရယ်မောလာအောင်လုပ်ပေးရတဲ့အလုပ်ပဲဖြစ်ပါတယ်။ပရိသတ်ချစ်တဲ့ ဟာသလူရွှင်တော်ကျင်ဝှက်ရဲ့ ဘဝဟာ အများထင်နေသလိုမျိုး ချောမွေ့နေတာတော့မဟုတ်ပါဘူး။သူဟာအခုလိုပဲဖြေကြားခဲ့ပါတယ်။

“ငါတကားကိုသိန်း(30) ရတဲ့မင်းသားမဟုတ်ဖူးလေ လူတွေ…ငါဒီလိုဝတ်ထားရင် သူတို့ကအစစ်တွေဝတ်ထားတယ်ထင်နေကြတယ် ဘယ်လိုလုပ်အစစ်ဝတ်နိုင်မှာလဲ အတုတွေနဲ့အလုပ်လုပ်ရတာ တခါတလေကားစီးဘာညာဆို ကားကလည်း အရစ်ကျနဲ့စီးတာလေ အကြွေးတွေအများကြီးကျန်သေးတယ် ဘယ်လိုလုပ်မလဲ လူတွေအမြင်ကတမျိုး ဒါပေမယ့် သူတို့အမြင်က နိမိတ်ကောင်းပါတယ် ကျေးဇူးတင်ပါတယ် သူတို့ကပုပ္ဗနိမိတ်ပေါ့ ကြိုတင်ပြီးတော့ ကိုကျင်ဝှက်ကြီးချမ်းသာသွားပြီ ဆိုတာမြန်မာအယူအဆကတော့ အရမ်းကောင်းတဲ့အဓိပ္ပါယ် နိမိတ်တွေ ချမ်းသာမှာပါ”

“ချမ်းသာရင် လှူမယ် တန်းမယ် မိသားစုလည်းစားမယ် ဘုရားတည်မယ် ကျောင်းဆောက်မယ် အဲ့ဒါသေချာတယ် ပြေးမလွတ်ဘူး တကယ်လုပ်မှာ အပြောမဟုတ်ဘူးတကယ်ချမ်းသာကြည့် တကယ်လုပ်မှာ အခုလက်ရှိလည်း လှူနေတန်းနေတယ် အဖွဲ့လိုက်လည်းလှူတယ် တန်းတယ် ကိုယ်တယောက်တည်းလည်း ကျတော်လှူပါတယ် လို့ ဘယ်သူမှအသိမပေးဘူး ကိုယ့်ဘာသာလှူတယ်”

“ဘာလို့ဆို တဖက်သားကို ငါဟိုနေ့ကလှူလိုက်ပြီကွ ကျတော်ဘယ်လောက်လှူလိုက်တာကွ ဆိုတာ လှူချင်တန်းချင်လို့မဟုတ်ဖူး ဖင်ဂေါင်းကျယ်ချင်လို့ ကြွားဝါချင်တဲ့စိတ် မဟုတ်ဖူး ကိုယ်က ကိုယ့်စိတ်ထဲမှာကို လှူချင်တန်းချင်လို့တခါတလေ ဘယ်သူမှမသိဘူး လှူလိုက်တာအဲ့လိုလှူတာမျိုးတွေအများကြီးပဲ ကိုယ်စောင့်နတ်သိတယ် ဘုရားသိတယ် ရပြီ တခါတလေ ကိုယ့်မှာမရှိရင်တော့ မတတ်နိုင်ဘူး ကိုယ်တတ်နိုင်တဲ့အချိန်နဲ့ ကြုံတဲ့ဟာကို လှူပေးလိုက်တယ် ဘယ်သူမှအကူညီမတောင်းတော့ဖူး မြေပိုင်၊ ခြံပိုင်ဘာမှမရှိသေးပါဘူး တိုက်ခန်းပေါ်မှာပဲနေရသေးတာပါ မချမ်းသာသေးပါဘူး ဦးကျင်ဝှက်ကြီးတယောက် အရမ်းချမ်းသာသွားပြီလို့ပြောတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်” 

source - hla taw thar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။