မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ချဲလ်ဆီးအသင်းနဲ့ အက်သလက်တီကိုအသင်းတို့ဟာ တစ်ဖက် ၁ ဂိုးစီနဲ့ သရေကြခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ရိုးမားအသင်းနဲ့ ရမှတ် တူညီနေခဲ့ပေမဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ရိုးမားအသင်းက အသာရရှိနေခဲ့တာကြောင့် အုပ်စု ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းကတော့ ချန်ပီယံလိဂ်ကနေ လက်ပြခဲ့ရပြီဖြစ်ပြီး ယူရိုပါလိဂ်မှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မိုရာတာ၊ ဟာဇတ်၊ ဇာပါကော်စတာ ၊ ဘာကာယိုကို၊ ကန်တေ၊ ဖာဘရီဂတ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂရက်ဇမန်း၊ တောရက်စ်၊ ကိုကီ၊ ဆောလ်၊ ဂါဘီ၊ ပါတေး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းက ဂိုးသွင်းခွင့်ပိုမိုရရှိခဲ့ပေမဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာကြောင့် သရေနဲ့သာ အဆုံးသတ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးတဲ့ အချိန်ထိတော့ နှစ်သင်းစလုံးဟာ ဂိုးမရှိသရေရလဒ်နဲ့သာပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။အဖွင့်ဂိုးကိုတော့ အက်သလက်တီကိုအသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ၅၆ မိနစ်မှာ ဆောလ် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ချဲလ်ဆီးအသင်းအတွက် ချေပဂိုးကိုတော့ အက်သလက်တီကိုအသင်းရဲ့ နောက်တန်းကစားသမား ဆာဗစ် က ၇၅ မိနစ်မှာ ကိုယ့်ဂိုးကို သွင်းယူမိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။