မြန်မာနိုင်ငံရှိ မော်လမြိုင်၊ပြင်ဦးလွင်၊ပုသိမ်စသည့်မြို့များတွင် ဘုံစံအိမ်(၁၄)ခုရှိခဲ့ရာ မော်လမြိုင်မြို့ရှိ ဖရီးမေဆင်အသင်းကို စံအိမ်ရှင်ဆိုသူက “ဖီလန်သရိုပီ” ဟုအမည်ပေးခဲ့ကြောင်းသိရသည်။ စင်စစ်ထိုအသင်းမှာ မြန်မာနိုင်ငံတွင် ရှေးအကျဆုံး ဖရီးမေဆင်အသင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဖရီးမေဆင်အသင်းကြီးအား တက္ကသိုလ် ကျောင်းအုပ်ဆရာကြီးဟောင်း “မစ္စတာ အယ်ထင်စီ “ကအကြီးအကဲပြုလုပ်ပြီး (၁၈၅၀)ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း၊ ယင်းအသင်းကြီးသည် အင်္ဂလန်ဗဟိုအသင်းကြီးနှင့် တိုက်ရိုက်ဆက်နွှယ်မှုတွေ ရှိခဲ့သည်ဟုဆိုသည်။ ရ.၅.၁၉၂၆ ရက်နေ့က မြန်မာနိုင်ငံမှ ကိုထွန်းအုံဆိုသည့် ပသျှူးခေါင်းပြတ်တစ်ယောက်ကို အင်္ဂလန်ကနေပြီး ချီးမြှင့်ပေးလိုက်သည့် အဆင့်ရာထူးလက်မှတ် ရရှိခဲ့ဖူးပါသည်။ နောက်တစ်ဦးမှာ မြန်မာနိုင်ငံသား အယ်ချွန်ဖောင် ဆိုသူဖြစ်သည်။ သူသည်လည်း (၁၇.၁.၁၉၂၈) ရက်၊သောကြာနေ့က အသင်းခေါင်းဆောင်အဖြစ် ခန့်စာရရှိခဲ့သည်

မြန်မာပြည်က ပသျှူးခေါင်းပြတ်အသင်းသည် နှစ်စဉ် ဒီဇင်ဘာလ သဇင်ပန်းပွင့်ချိန်တွင် အစည်းအဝေး ပြုလုပ်လေ့ရှိသည်။ထိုအရာကို လူအချို့က ပသျျူးခေါင်းပြတ်တွေ ဒီဇင်ဘာလတွင်ထွက်လာကြသည်။ သဇင်ပန်းပွင့်ချိန်ပေါ်တိုင်း ခေါင်းဖြတ်တတ်ကြသည်ဟု ဆိုခဲ့ကြလေတော့သည်။ အမှန်မှာ ပသျှူးခေါင်းပြတ်အသင်းသည် အလွန်အင်မတန်စည်းကမ်းရှိပြီး အင်မတန်ခိုင်ခံ့သည့် ဖရီးမေဆင်အသင်းဝင်များဖြစ်ပါတယ်။ ပသျှှူးဟုဆိုသော်ငြားလည်း ပသျှူးတစ်ယောက်မျှမပါ၀င်ချေ။ အများထင်သလို ခေါင်းဖြတ်ခြင်းမျိုးတွေလည်းမရှိပါ။ လူရည်တတ်တွေနှင့် ဖွဲ့စည်းထားသည့် အသင်းတစ်သင်းသာဖြစ်ပါတယ်။ ယခုအခါ မြန်မာနိုင်ငံတွင် ပသျှှူးခေါင်းပြတ်အသင်းဟူ၍ မရှိတော့ပဲ ရှိခဲ့ဖူးသည်ဟုသိရုံမျှလောက်သာ မှတ်တမ်းတွေရှိခဲ့ပါသည်။

Source : Sixth Sense

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။