ယခုနောက်ပိုင်း မီဒီယာများနဲ့ လူမှုကွန်ယက်စာမျက်နှာများတွင် လူကြိုက်များပြီး ပြန်လည် မျှဝေမှု အများဆုံးထဲပါဝင်လာသူကတော့ ဆေးကျောင်းသူတစ်ယောက်ဖြစ်တဲ့ မော်ဒယ် ခင်ဆုရည်ပါ။ သူမရဲ့ အချိုးအဆစ်ကျပြီး လှပတဲ့ ခန္တာကိုယ်ကြောင့် အမျိုးသား ပရိသတ် ကြား ရေပန်းစားသူတစ်ယောက်ပါ။ လက်ဝှေ့နဲ့ရေကူးကတော့ သူမ သဘော ကျနှစ် သက်တဲ့ အားကစားများဖြစ်ပြီး Gym ကတေ့ာ မဆော့ရ မနေနိုင်တဲ့ အထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်လောက်မှာ weight ချချင်တာကြောင့် Gym စဆော့ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ပြိုင် ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ကာ ဆုများရရှိခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မော်ဒယ် တစ်ယောက်ဖြစ်တဲ့သူမကို မကြာမီကျင်းပတော့မယ့် Myanmar International Fashion week တွင်လည်းနိုင်ငံကျော် အနုပညာရှင် များနှှင့်အတူ မြင်တွေ့ရအုံးမှာပါ။ ဒီနေ့ မနက်ခင်းမှာတော့ သူမရဲ့Facebook စာမျက်နှာမှာ အကြည့်တွေကို ရင်မဆိုင်ရဲ့လို့ လို့ဆိုတဲ့စာသားနဲ့အတူ အနက်ရောင်ဂါဝန်လေးနဲ့ စတိုင်ကျကျ ပုံလေးတွေကို တင်ထားပါ သေးတယ် ။

စွဲမက်ဖွယ်ကောင်းတဲ့ သူမရဲ့အလှအပတွေကတော့ မြင်သူတိုင်းငေးလောက်အောင် အကြွေ ဇယား တွေချည်းပါပဲ။ ဒါကြောင့် သူမရဲ့အလန်းစားပုံရိပ်တွေနဲ့ စွဲမက်ဖွယ်အလှ တို့ပေါင်းစပ် ပြီး အမိုက်ကြီးမိုက်နေတဲ့ပုံလေးတွေကို ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေ လိုက်ပါတယ်နော် ။

Source – Khin Su Yee FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။