မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းကို ၂ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ရမှတ် ၁၄ မှတ်ရရှိကာ အုပ်စုပထမနေရာရရှိခဲ့ပြီး ၁၆ သင်း ရှုံးထွက် အဆင့်ကို ရောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။စပို့တင်းလစ္စဘွန်းအသင်းကတော့ အဆင့် ၃ နေရာနဲ့ ကျေနပ်ခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အယ်ကာဆာ၊ ဆွာရက်၊ ဗီဒယ်၊ အန်ဒရီဂိုမက်၊ ရာကီတစ် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စပို့တင်းလစ္စဘွန်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရုဒ်၊ ဇာနာကီ၊ ဘက်တာဂလီယာ၊ ကာဗယ်ဟို၊ ဖာနန်ဒက် တို့ကိုထည့်သွင်းကစားစေခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကိုထိန်းချူပ်ကစားခဲ့ပြီး အနိုင်ရလဒ်ကို ရယူခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးတဲ့ အချိန်ထိတော့ နှစ်သင်းလုံးဟာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၅၉ မိနစ်မှာတော့ အယ်ကာဆာ က ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးကိုသွင်းယူပေး နိုင်ခဲ့ပါတယ်။ဘာစီလိုနာအသင်းကနေ စပို့တင်းလစ္စဘွန်းကို ပြောင်းရွှေ့သွားခဲ့တဲ့ နောက်ခံလူ မက်သရူးက ဘာစီလိုနာအသင်းအတွက်အနိုင်ဂိုးအဖြစ် မိနစ် ၉၀ မှာ ကိုယ့်ဂိုးကို သွင်းယူမိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။