မူဆယ်မှာ ဒီနေ့ ၁၂နာရီနောက်ပိုင်း အပစ်အခတ်တွေဖြစ်မယ်ဆိုတဲ့ သတင်းတွေကြောင့် မူဆယ်တစ်မြို့လုံးကလူတွေ တရုတ်ပြည် ရွှေလီ၊ ကျယ်ခေါင်ဘက်ကို တစ်မြို့လုံးနီးပါး ထွက်ပြေးနေကြရတယ်။ မူဆယ်မှာ လူတောင် သိပ်မကျန်တော့ဘူး။ တရုတ်ပြည်ဘက်ကို လူတိုင်းက ထွက်ပြေးကြတော့ တရုတ်ပြည်အဝင် တံဆိပ်တုံးရိုက်တဲ့ ဂိတ်မှာ လူတန်းကြီးက ရှည်လွန်းလို့ ၂နာရီတောင် ကြာအောင် တန်းစီရတယ်လို့ ဆိုတယ်။

မူဆယ်မြို့ပေါ်မှာလည်း ၁၀၅မိုင်နဲ့ အနီးတစ်ဝိုက်ရွာတွေက စစ်ပြေးဒုက္ခသည်တွေ အများကြီးခိုလှုံနေရပါတယ်ဆိုမှ မူဆယ်မြို့ထဲထိပါ ပစ်မယ်ခတ်မယ်ဆိုတော့ စစ်ပြေးဒုက္ခသည်တွေကရော ဘယ်ကိုထပ်ပြေးကြရမှာတဲ့လဲ... :( :(

Source : Lashio Media

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။