ထီထိုးထားသူများ အနေဖြင့် မိမိကိုယ်တိုင် ထီတို်က်ပါ။တစ်လ နှစ်လ မဟုတ်တော့ပါဘူး။နာမည်တောင်းတယ်။ဖုန်းနံပါတ် တောင်းတယ်။ထီတိုက်ပေးတဲ့ ထီသည်တွေရှားပါတယ်။တစ်ချိုဆိုင်တွေလောက်သာ ထီတို်က်ပြီး ဖုန်းဆက် ပေးတာပါ။တစ်ချို့ ထီရောင်းစားတဲ့ ထီသည်တွေက ဖုန်းနံပါတ်သာ တောင်းထားတယ်။သူတို့ကိုယ်တိုင် ထီမတိုက်တတ်ပါဘူး။

တချို့က ထီသာထိုးထားကြတယ်။ထီတိုက်မတတ်ပါဘူး။အရင်လကတစ်ခါ ထီတိုးထားပြီး ထီတိုက်မတတ်တဲ့ တပည့်တွေထီဖွင့်ပြီး တပတ်လောက်အကြာမှာ ထီလက်မှတ်တိုက်ပေးလိုက်တာ ငါးသောင်းဆု ၅ ဆုတွဲလိုက်နဲ့ ၁ သိန်းဆု တစ်ဆု ပေါက်နေတာတွေ့ရတယ်။

ထီမတို်က်ဘူးလား မေးတော့ ထီမတိုက်တတ်ဘူးတဲ့။ထီပေါက်ရင် ထီဆိုင်ကဖုန်းဆက်ပေးမှာပဲဆိုပြီး မတိုက်ပဲနေတာတဲ့။ဖုန်းမဆက်ရင် မပေါက်ဘူးလို့ပဲ ထင်နေကြတာပါ။အဲဒီလိုနဲ့ ပေါက်မှန်းမသိခဲ့တဲ့ ဆုတွေဘယ်လောက်များနေပြီးလဲ မသိဘူး။

ဒီနေ့လဲ အသိတယောက် ထီလက်မှတ်လာပြလို့ တိုက်ပေးလိုက်တာ ၅ သောင်းဆု ပေါက်တယ်။ထီဆိုင်က ဖုန်းမဆက်ပါဘူး။မယုံရင် တချို့ထီရောင်းတဲ့ ထီသည်တွေကို ထီသွားတိုက်ခိုင်းကြည့်ပါ။ခုထိ ထီမတိုက်တတ်တဲ့ ထီသည်တွေအများကြီးပါ။ထီသည် အားလုံးကလည်း တိုက်ပေးတယ်လို့ ဘယ်သူမှ အာမမခံပါဘူး။လတချို့ ထီသည်ကြီးတွေလောက်သာ စေတနာထားပြီး တိုက်ပေးတာပါ။

အဲဒါကြောင့် ထီထိုးထားသူများ မိမိကံကြမ္မာကို မိမိကိုယ်တိုင် ပြန်စမ်းစစ်ကြပါ။ထီဆိုင်က ဖုန်းအဆက်မစောင့်ပဲ မိမိကိုယ်တိုင် ထီတိုက်ကြပါလို့ နှိုးဆော်တိုက်တွန်း လိုက်ရပါတယ်။

source - zin moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။