အနုပညာရှင်တွေရဲ့ မျိုးဆက်သစ် သားသမီးတွေထဲမှာ သူတို့မိဘတွေရဲ့ ခြေရာနင်းမယ့်သူတွေရှိတတ်သလို ပညာရေးဘက်ကို ပိုပြီး အားသာတဲ့ သူတွေလည်း ရှိကြပါတယ်။မိဘတိုင်းကတော့ ကိုယ့်သားသမီးကို ပညာရေးဘက်မှာရော အဘက်ဘက်မှာ ထွန်းပေါက်စေချင်ကြတာပါပဲ။

တစ်ချိန်က လူကြိုက်များခဲ့တဲ့ ၀ါရင့်သရုပ်ဆောင် လင်းဇာနည်ဇော်ကတော့ ပြည်ပမှာ ကျောင်းတက်ပြီး ခွင့်ပြန်လာတဲ့ သမီးကို ဒီနေ့မနက်လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့တယ်လို့သိရပါတယ်။လင်းဇာနည်ဇော် နဲ့ သမီးဖြစ်သူ မြူလင်းကိုကို ဟာ အတူတူကြော်ငြာတွေလည်း ရိုက်ဖူးတာကြောင့် ပရိသတ်တွေလည်း မှတ်မိနေပြီးသားဖြစ်မှာပါ။

Single Mother တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော လင်းဇာနည်ဇော်ဟာ သားသမီးဆိုလို့ သမီးလေးမြူလင်းကိုကို တစ်ယောက်သာ ရှိတာမို့ သူမတို့ သားအမိချစ်ကြပုံကတော့ ကြည်နူးစရာကောင်းလှပါတယ်။

ပညာရေးကြောင့် မိဘနဲ့ ခဏတာခွဲနေရတဲ့ မြူလင်းကိုကိုဟာ မိခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုတွေနဲ့အတူ လိမ္မာရေးခြားရှိပြီး ချစ်စရာကောင်းတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ မြူလင်းကို လာကြိုတဲ့အထဲမှာတော့ မေမေလင်းဇာနည်ဇော် နဲ့ အဒေါ်ဖြစ်သူ ချစ်ချစ်ဇော်ကိုပါ လေဆိပ်မှာ တွေ့ရပါတယ်။

မလင်း တို့သားအမိတွေ အလွမ်းသယ်နေတဲ့ ပုံလေးတွေကိုကြည့်ရင်း အပျော်တွေကူးစက်မယ်လို့ မျှော်လင့်ပါတယ်။  

Source :  Linzarnizaw fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။