ရန်ကုန်မြို့တွင် YBS ပြေးဆွဲနေသည်မှာ အချိန်ကာလ အတိုင်းအတာတစ်ခုထိရောက်ခဲ့ပြီဖြစ်ပါတယ်။ ပြေးဆွဲနေစဉ်ကာလအတွင်း အဆင်မပြေမှုလေးတွေလည်းရှိခဲ့ပါတယ်။ သို့သော် အဆင်ပြေစွာ ပိုမိုကောင်းမွန်ခဲ့တဲ့ လမ်းကြောင်းတွေလည်းရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရသည် ဘတ်စ်ကားပြေးဆွဲမှုစနစ် ပိုမိုကောင်းမွန်စေရန်ဟုဆိုကာ ၂၀၁၇ ဇန်နဝါရီ ၁၆ ရက်တွင် မထသစနစ်ကိုဖျက်သိမ်း၍ YBS စနစ်ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ 

ယခုအခါတွင် YBS ဘတ်စ်ကားယာဉ် ပြေးဆွဲမှုနှင့်ပတ်သက်၍ ပြုလုပ် သောအစည်းအဝေးဆုံးဖြတ်ချက် ကို မီဒီယာသို့ ပြောကြားပါက အရေးယူမည်ဟု သိရှိရပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ကို ရန်ကုန်တိုင်းဒေ သကြီးသယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲဲ့ (YRTA)က သတိပေးညွှန်ကြား ထားခဲ့ပါတယ်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေ သကြီးသယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲဲ့ (YRTA)၏သတိပေးစာကို ယာဉ်လိုင်းတာဝန်ရှိသူအချို့က ယခုကဲ့သို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ သတိပေးစာတွင် အစည်းအဝေးဆုံးဖြတ်ချက်များ ကိုမီဒီယာများသို့ ထုတ်ဖော်ပြော ကြားခြင်းမပြုရန်အပြင် ယာဉ် လိုင်းတာဝန်ရှိသူများ၏ ဖေ့စ် ဘွတ်ခ် စာမျက်နှာများပေါ်တွင် လည်း မဖော်ပြရန်ဆိုသည့်အချက် ပါ၀င်သည်ဟု ၎င်းတို့က ပြောကြားခဲ့ပါတယ်။ ‘‘စာထွက်လာတာ ဟုတ်ပါ တယ်။ ကျွန်တော်တို့ နားလည် ထားတာက မူဝါဒတစ်ခုဟာ မီဒီယာသိအောင်၊ မီဒီယာသိမှ ပြည်သူတွေသိမယ်။ ပြည်သူတွေ သိမှ ဆောင်ရန်၊ ရှောင်ရန်၊ ရှေ့ ဆက်ဘယ်လိုသွားမလဲ။ ဘယ်လို ပူးပေါင်းလို့ရမလဲ။ အဲဒါမှ အ လုပ်လုပ်လို့ရမှာပေါ့’’ ဟု ယာဉ် လိုင်းတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ ထိုသို့မီဒီယာများအား ပြော ကြားခွင့်မရှိခြင်းကြောင့် YBS ဘတ်စ်ကားစနစ်ဆောင်ရွက်ချက် များကို ပြည်သူများသိရှိပိုင်ခွင့်ပါ ဆုံးရှုံးစေနိုင်သဖြင့် မဖြစ်သင့် ကြောင်း ယာဉ်လိုင်းတာဝန်ရှိသူ အချို့က မှတ်ချက်ပြုခဲ့ကြောင်း သိရှိရသည်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။