မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကွန်ပြူတာ Programming ဆိုင်ရာနည်းပညာ ပြိုင်ပွဲတစ်ခုကို လက်ခံကျင်းပသွားဖို့ရှိ့ပါတယ်။ အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသတွင်း နိုင်ငံ ခုနစ်ခုမှ ပါဝင်ယှဉ်ပြိုင်သွားမှာပါ။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက် နှင့် ၁၀ ရက်တို့တွင် ကျင်းပသွားမှာပါ။ 

ဒီဇင်ဘာ ၉ ရက် နှင့် ၁၀ ရက်တို့တွင် ရန်ကုန်ကွန်ပြူတာတက္ကသိုလ်၌ ပြုလုပ်မည် ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအသင်း ၃၁ သင်းနှင့် အာရှ ပစိဖိတ် ဒေသရှိ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊တိုင်ပေ၊ အင်ဒိုနီးရှားနှင့် ဗီယက် နမ်တို့ရှိ တက္ကသိုလ် ၁၁ ခုမှအသင်း ၁၅ သင်း ပါဝင်ယှဉ်ပြိုင်မည်ဟု သိရပါတယ်။ ယခုပြိုင်ပွဲဖြစ်သည့် (Asia Yangon Regional Pro-gramming Contest) ကို အမေ ရိကန်အခြေစိုက် နည်းပညာအဖွဲ့ အစည်းဖြစ်သည့် Association for Computing Machinery (ACM)နှင့် Baylor University မှ ICPC အဖွဲ့တို့၏ နည်းပညာပံ့ပိုးကူညီမှု ဖြင့် ကျင်းပခြင်းဖြစ်ပါတယ်။ ပြိုင်ပွဲများ ကျင်းပရာတွင် နှစ်စဉ် ကမ္ဘာတစ်ဝန်းမှ တိုက်ကြီး ခြောက်ခုရှိ နိုင်ငံ ၁၀၂ နိုင်ငံတွင်ရှိ သော တက္ကသိုလ် ၂,၇၃၆ ခုတို့ ကို သက်ဆိုင်ရာဒေသအလိုက် စုစည်းကာ ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အာရှပစိ ဖိတ်ဒေသတွင်း နိုင်ငံများနှင့် ယှဉ် ပြိုင်ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အဆို ပါ ပြိုင်ပွဲကို ၂၀၁၆ ဒီဇင်ဘာတွင် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲကို ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္က သိုလ်များမှ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတကာအတွေ့ အကြုံများ ရရှိနိုင်စေရန်၊ အာရှ ပစိဖိတ်နှင့် အင်ဒိုချိုင်းနားကျွန်း ဆွယ်ဒေသရှိ နိုင်ငံခြားတက္ကသိုလ် ကိုယ်စားပြု ပြိုင်ပွဲဝင် ကျောင်း သား၊ ကျောင်းသူများနှင့် ခင်မင် ရင်းနှီးခွင့်၊ အတွေ့အကြံုဖလှယ် ခွင့်များ ရရှိစေရန် လက်ခံကျင်းပ ခြင်းဖြစ်ကြောင်း ဒေါက်တာခင် သန်းမြက ပြောကြားခဲ့ပါတယ်။ အဆိုပါ Programming ပြိုင်ပွဲကို ၂၀၀၄ ကတည်းက နိုင်ငံတကာတွင် နှစ်စဉ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ က စ၍ သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Source – 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။