ဆေးခြောက်ဟာ ကိုယ်တွင်းအင်္ဂါများနှင့် အရေပြား ကင်ဆာအချို့ကို တိုက်ဖျက်နိုင်စွမ်း ရှိပြီး ဆေးလိပ်သောက်ခြင်းနှင့် ဆန့်ကျင်စွာ အဆုတ်ကို သန့်စင်စေသော ဆေးဘက်ဝင် ပစ္စည်းဖြစ်သည်။ သုံးနှစ်နှင့်အထက် ဆေးခြောက်သုံးစွဲသူအများစုဟာ သက်တူ ရွယ်တူများထက် ၃ နှစ်မှ ၅ နှစ်ခန့် အထိ နုပျိုနေသည်ကို တွေ့ရှိရပြီး စိတ်အာရုံ စူးစိုက်မှု အားကောင်းကာ သင်ယူနိုင်စွမ်းပိုရှိကြောင်း တွေ့ရှိရသည်။

အပေါ်ယံ အရေပြားတွင် ဖြစ်တတ်သော ဝက်ခြံ တင်းတိတ် နေလောင်ခြင်း များကို ပြန်လည်ပြုပြင်ပေးသော အစွမ်းသတ္တိ ရှိသည်။ ဆေးခြောက်သည် အရက်သေစာကဲ့သို့ မူးယစ် ရမ်းကား လိုစိတ်များ မဖြစ်ပေါ်စေဘဲ ဘိန်းကဲ့သို့ ထိုင်းမှိုင်း လေးလံမှုများလည်း မဖြစ်ပေါ်စေသည်ကို တွေ့ရှိရသည်။ ကျန်းမာရေးအတွက် အကျိုးကျေးဇူး များစွာ ရှိသဖြင့် အမေရိကန် ပြည်ထောင်စု ပြည်နယ် အတော်များများတွင် ဆေးခြောက် တရားဝင် သုံးစွဲခွင့်ပြုပြီ ဖြစ်သည်။

ဘိန်းထွက်ပစ္စည်းဖြစ်သော မူးယစ်ဆေးများေ ဆးရွက်ကြီးထွက်ဖြစ်သော စီးကရက်များ အယ်ကိုဟောအမျိုးမျိုးဖြစ်သော အရက်သေစာများ အစား ဘေးထွက်ဆိုးကျိုး မရှိသော ခန္ဓာဗေဒဆိုင်ရာ အကျိုးပြုသော ဆေးခြောက်ကို အစားထိုးသုံးစွဲဖို့ နိုင်ငံအစိုးရ အတော်များများ အလေးပေး စဉ်းစားနေကြပြီ ဖြစ်သည်။ မြောက်ကိုရီးယားတွင် ကျန်းမာရေး သိပ္ပံပညာရှင်များ ထောက်ခံချက်ဖြင့် ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့် ပြုခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

့အမေရိကန် အစိုးရက ဆေးခြောက် (Marijuana/Cannabis) ဟာ ကင်ဆာ ကလာပ်စည်းများ (Cells) ကိုသေစေ ပျက်ဆီး နိုင်တယ်လို့ လက်ခံလိုက် တာ ကြောင့် ကမ္ဘာနဲ့အဝှမ်း တုန်လှုပ်သွား ရကြောင်း Mirror အွန်လိုင်း သတင်း တရပ် မှာ ဖော်ပြထားပါတယ် ။ Global Health အဖွဲ့ရဲ့ ခန့်မှန်း တွက်ချက်မှု အရ ကင်ဆာရောဂါဟာ ယနေ့ ကမ္ဘာလူသား တို့အား နေ့စဉ် လူ ၂ သောင်းကျော် သေဆုံးစေတယ် လို့ ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ ကျန်းမာရေး သုတေသန တွေ့ရှိချက်များ အရ ဆေးခြောက်ပင်ရဲ့ အာနိသင်ထဲမှာ နိုးကြွစေတဲ့ ဓာတ်တမျိုး ပါဝင်နေပြီး အဲဒီဓာတ်က ကင်ဆာ ဆဲလ်များကို သုတ်သင်ပေး သလို ကင်ဆာ ရောဂါ ကြီးထွား ပြန့်ပွားမှု အတွက်လိုအပ်သော သွေးကြောများကို ပိတ်ဆို့ နိုင်သည် ဟုဆိုပါသည်။ ထို့ကြောင့် ကင်ဆာရောဂါအား ဟန့်တားပေးနိုင် သည်ဟု ဆိုပါတယ် ခင်ဗျာ။ ဆေးခြောက်ရဲ့ အဆိုပါ အာနိသင် အစွမ်းများ ကို ကြွက်တွေနဲ့ စမ်းသပ်ချက်များ အရ ကင်ဆာ ဆဲလ်ကို နှိမ်နင်းပေးသလို အခြား ပုံမှန်ဆဲလ်ကောင်း တွေ ကိုလည်း အကာအကွယ်ပေး တယ်လို့ သိရပါတယ်။

ဆေးခြောက်မှာ ပါဝင်တဲ့ အဓိကဓာတ်များ က အူမကြီးကင်ဆာ၊ အသည်း ကင်ဆာ၊ ရင်သားကင်ဆာနဲ့ အခြား ရောဂါ ဖြစ်စေတဲ့ ဆဲလ်တွေကို ဆန့်ကျင် တိုက်ခိုက်နိုင်တဲ့ အာနိသင် ရှိတာကို တွေ့ရတယ် လို့ဆိုပါတယ်။ ထို့အပြင် ကင်ဆာရောဂါကို ဓာတု ကုထုံး (chemotherapy) နဲ့ ကုသရာမှာ ဆေးခြောက် ဟာ ဘေးထွက်ဆိုးကျိုးမရှိဘဲ ဓာတုကုထုံး ရဲ့ အာနိသင်ကို မြှင့်တင်ပေး နိုင်တယ် လို့လည်း အဆိုပြု တင်ပြ ထားပါတယ်။

အထက်ပါ သုသေတန စမ်းသပ်ချက် အများစုဟာ တိရိစ္ဆာန်များအပေါ် စမ်း သပ်ချက်များ (Animal Studies) မှ လေ့လာ တွေ့ရှိချက်များ ဖြစ်ပြီး လူသားများ အပေါ်တွင် ဆေးခြောက် ဟာ အလားတူ အာနိသင် ရှိမရှိကို အချိန်ယူပြီး ဆက်လက်လေ့လာ ရအုံး မည်ဟု ထင်မြင်ကြောင်း တင်ပြအပ် ပါသည် ခင်ဗျာ။

Source: Dr Aung Gyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။