အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အဖြစ် အနုပညာပါရမီပါတဲ့ ရွှေမှုံရတီ ဟာ နိုင်ငံကျော်မင်းသမီးစာရင်းဝင်နေပြီမို့ မသိတဲ့သူမရှိသလောက်ပါပဲ။ချစ်စရာကောင်းပြီး ပွင့်လင်းသွက်လက်စွာနေတတ်တဲ့ သူမရဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူး။

အခုဖော်ပြထားတဲ့ ပုံလေးတွေကတော့ ရုပ်ရှင်သရုပ်ဆောင် ရွှေမှုံရတီ ရဲ့ SK Jewellery ရိုက်ကွင်းပေါ်က ပုံရိပ်တွေဖြစ်ပါတယ်။နာမည်ကြီး လက်ဝတ်ရတနာဖြစ်တဲ့ SK Jewellery အတွက် ကြော်ငြာရိုက်ကူးပေးနေတဲ့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်လေးကတော့ မြင်သူတိုင်း နှစ်ခါပြန်ငေးရတဲ့အထိပါပဲ။

ရွှေမှုံဟာ အဆိုပါ ကြော်ငြာအတွက် တစ်ကိုယ်တော်အနေနဲ့လည်း အနက်ရောင်ဖက်ရှင်လေးဝတ်ကာ ပို့စ်ပေးကြမ်းခဲ့သလို ခင်ဝင့်ဝါ ၊ မေမြင့်မိုရ် တို့နဲ့လည်း တက်တက်ကြွကြွနဲ့ အတူတူကြော်ငြာရိုက်ပေးခဲ့တာပါ။

ချိုမြိန်သောလက်စားချေခြင်းအပြင် အကယ်ဒမီစာရင်းဝင်နိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ရွှေမှုံဟာ ပရိသတ်တွေမှန်းထားတဲ့ (၂၀၁၈)အတွက်အကယ်ဒမီဆုရှင်လေးဖြစ်ပါတယ်။

အသက်ငယ်ပေမယ့်လည်း အောင်မြင်မှုလမ်းကြောင်းကိုယ်တိုင်ဖောက်နေတဲ့ ရွှေမှုံဟာ ထိပ်တန်းမင်းသမီးစာရင်းဝင်နေသူလေးဖြစ်ပါတယ်။ 

Photos  source - Cele7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။