တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်နှစ်ခွဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်တာတွေ ကြုံလာတတ်ပါတယ်။ဟိုဟာလုပ်ရကောင်းနိုးနိုး၊ ဒီဟာလုပ်ရကောင်းနိုးနိုးနဲ့ အချိန်ကုန်သွားတတ်ပါတယ်။ အောက်လက်ငယ်သားတွေ အတွက်လည်း စိတ်ရှုပ်ရတတ်ပါတယ်။ ယာဉ်၊ စက်ပစ္စည်းကို အကြောင်းပြုပြီး စကားများဖြေရှင်းရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စိတ်သဘော တင်းတင်းမာမာ ကွဲတတ်ပါတယ်။ အဲဒီလို စိတ်အနှောက်အယှက်ဖြစ်စရာတွေ ကြားထဲကပဲ အဖိုးတန်ပစ္စည်းတွေ ဝင်လာမယ်။ ခက်ခဲကြန့်ကြာနေတဲ့ ငွေကိစ္စ၊ ပစ္စည်းကိစ္စတွေ အဆင်ပြေသွားပါလိမ့်မယ်။ မိတ်ဆွေ ဆရာသမား၊ ဘုန်းကြီး စသူတို့က အကူညီကောင်းတွေ ပေးလာမယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦကိစ္စတွေလည်း အဆင်ပြေလိမ့်မယ်။ ပြဿနာဖြစ်နေသူများနဲ့ ပြန်ပြီးအဆင်ပြေသွားမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။ လက်ရှိအလုပ်ကို တိုးချဲ့ရတာ၊ လုပ်ငန်းအသစ် စတင်ရတာတွေလည်း ကြံုရတတ်ပါတယ်။ ထီပေါက်သလို ငွေတွေဝင်လာတတ်ပါတယ်။ ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေလည်း ပြန်ဝင်ကိန်းရှိပါတယ်။ ကျန်းမာရေးညံ့နေသူတွေ သိသိသာသာကောင်းသွားမယ်။ ရပ်ဝေးက လူနာဧည့်သည် ရောက်လာတတ်ပါတယ်။ ဘာသာရေးလုပ်လေလေ ကံကောင်းလေလေ ဖြစ်ပါလိမ့်မယ်။ ကံအကျိုးပေးဂဏန်း ၁/၄။ ကံ၏အပံ့အပိုးရရှိရန် သစ်သီး ၅ လုံး ဆွမ်းတော်ကပ်လှူပါလေ။

တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ ဆွေမျိုးရင်း၊ မိတ်ဆွေရင်းတို့ရဲ့ အသည်းအသန်သတင်း၊ စိတ်မကောင်းစရာသတင်းတွေ ကြားရတတ်ပါတယ်။ ပစ္စည်းတစ်ခုအတွက် စကားများဖြေရှင်းရတတ်တယ်။ အရောင်းမှား၊ အဝယ်မှားဖြစ်တတ်တယ်။ အောက်လက်ငယ်သား၊ သားသမီးအတွက် ဆုံးဖြတ်ရခက်တဲ့ အကြပ်အတည်းမျိုး ကြံုရတတ်ပါတယ်။ ပြဿနာခပ်ကြီးကြီး နှစ်မျိုးနှစ်ခု ဖြေရှင်းရတတ်ပါတယ်။ မတော်တဆ ထိမိခိုက်မိဖြစ်တတ်ပါတယ်။ မိန်းမတစ်ယောက်ကြောင့် စိတ်အနှောက်အယှက်ကြီးစွာ ကြံုရတတ်တယ်။ ဈေးဆိုင်မှာ စကားများ ဖြေရှင်းရတတ်တယ်။ ခရီးကိစ္စ စိတ်ညစ်ရတတ်ပါတယ်။ ရပ်ဝေးက မိတ်ဆွေ၊ မောင်နှမတို့ရဲ့ သတင်းကောင်းကြားရမယ်။ မထင်မှတ်တဲ့ ဧည့်သည်တွေ ရောက်လာမယ်။ မိတ်ဆွေဟောင်း၊ ဆရာဟောင်းတွေနဲ့ ပြန်ဆုံရတတ်တယ်။ နှစ်ရှည်ကွဲကွာနေတဲ့ ဆွေမျိုးတွေနဲ့လည်း ပြန်ဆုံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာစရာတွေ ဖြစ်လာမယ်။ လူကြီးမိဘတွေရဲ့ အကူညီကောင်းရမယ်။ မိတ်ဆွေကောင်း၊ ဆရာကောင်းတွေ့ခြင်း၊ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ စိတ်ချမ်းသာရခြင်း၊ အလုပ်များ နှစ်ဆ တိုးချဲ့ရခြင်း၊ ဝင်ငွေတိုးခြင်း၊ ရပ်ဝေးကငွေများ၊ ပစ္စည်းများရောက်လာခြင်းများ ကြံုရတတ်ပါတယ်။ကိုယ်ဝန်ဆောင်မိန်းမ ဒုက္ခပေးတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၂/၇။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ကိတ်မုန့်ကပ်လှူပါလေ။

အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ ကောင်းသောအပြောင်းအလဲတွေ ကြံုလာမယ်။ အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်ပြောင်းရွှေ့ရတတ်တယ်။ ဘာသာရေး၊ ပညာရေးနဲ့ပက်သက်လို့ အတွေးအခေါ်ထူး၊ ပညာထူးတွေ ရတတ်တယ်။ အလုပ်မှာအခွင့်အရေးကောင်း၊ နေရာကောင်းရတာတွေကြံုမယ်။ ဝန်ထမ်းဆိုရင် ရာထူးကိစ္စအခြေအနေကောင်းကြံုမယ်။ မိသားစုထဲက၊ ဆွေမျိုးထဲက နိုင်ငံခြားခရီး စီစဉ်နေသူ အောင်မြင်သွားလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ပက်သက်လို့လဲ သတင်းကောင်း ကြားရတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ ပျက်တတ်၊ ထွက်တတ်တယ်။ မီး၊ လျှပ်စစ်အန္တရာယ်ကြံုတတ်တယ်။ မိတ်ဆွေရင်းတွေနဲ့အဆင်မပြေ လမ်းခွဲရတတ်တယ်။ အောက်လက်ငယ်သားအတွက် သောကရောက်စရာ ကြံုမယ်။ အမှိုက်ကစ ပြဿာဒ်မီးလောင်ဆိုသလို ပြဿနာသေးသေးလေးကနေ ကြီးသွားတတ်ပါတယ်။ ကျန်းမာရေး တရှာင်ရှောင် ဖြစ်နေမယ်။ စိတ်နဲ့လူနဲ့မကပ်ဘဲဖြစ်နေမယ်။ငေးတိငေးငိုင်ကြီး ဖြစ်နေတတ်တယ်။ ငွေဆုံးတာပျေက်တာ၊ အချေးအငှားကိစ္စစိတ်ညစ်ရတာ၊ ကြီးကဲသူတွေနဲ့ စိတ်သဘောကွဲတာမျိုးတွေလည်း ကြံုရတတ်ပါတယ်။ ဆရာသမားကို လူတွေနဲ့ အဆင်မပြေဖြစ်တတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြံုလာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၃/၉။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ မုန့်တီကပ်လှူပါလေ။

ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ လုပ်သမျှ ကြံသမျှ အနှောက်အယှက်တွေ ကြံုနေမယ်။ မနာလို ရန်လိုသူပေါမယ်။ စွပ်စွဲနာမည်ဖျက်တာတွေ ခံရတတ်ပါတယ်။ မိတ်ဆွေရင်း၊ လူရင်းတွေ သစ္စာဖောက် တတ်တယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦကိစ္စ ရည်ရွယ်ချက်တွ ပျက်သွားတတ်တယ်။ ခြေဦးတည့်ရာ ထွက်သွားချင်စိတ်တွေ ပေါ်လာတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလဲ ညှိမရ၊ နှိုင်းမရဖြစ်တတ်ပါတယ်။ လိမ့်ကျတာ၊ ချော်လဲတာ၊ ခြေထောက်၊ ခါး ဒုက္ခပေးတာတွေ ကြံုရတတ်ပါတယ်။ ဆီး၊ မျက်စိကျန်းမာရေး ညံ့တတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ မတင်မကျ ဖြစ်ရတတ်တယ်။ လက်ရှိအလုပ်တွေကို ရပ်ပစ်ချင်စိတ်ပေါ်လာတတ်တယ်။ အလှူအတန်းကိစ္စတွေ အတွက်လည်း စိတ်ညစ်ရတတ်ပါတယ်။ အဖိုးတန်အသုံးအဆောင်၊ လျှပ်စစ်ပစ္စည်းတွေဝင်မယ်။ အောက်လက်ငယ်သားအတွက် ဝမ်းသာစရာတွေ ကြံုမယ်။ ပြဿနာတစ်ခု အလိုလိုရှင်းသွားမယ်။ မိမိအားရန်လုပ်နေသူ ရပ်ဝေးသို့ ထွက်သွားခြင်း၊ သူ့တရားသူစီရင်သွားခြင်းဆိုတာမျိုးတွေ ဖြစ်သွားပါလိမ့်မယ်။ မထင်မှတ်တဲ့နေရာက ငွေတွေအများကြီး ဝင်လာမယ်။ ငွေအဝင်ကြမ်းသလောက် အထွက်လဲကြမ်းတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၄/၈။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ မုန့်ဟင်းခါးကပ်လှူပါလေ။

ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်ညစ်စရာတွေတော်တော်ကြံုမယ်။ လုပ်သမျှ ကြံသမျှ လွဲချော်နေတတ် တယ်။ မတော်တဆ ထိမိခိုက်မိဖြစ်တာ ကျန်းမာရေးညံ့တာမျိုးတွေ ကြံုရတတ်ပါတယ်။ ငွေတွေ ပစ္စည်းတွေအလေအလွင့် အဆုံးအရှုံးများတတ်တယ်။ အချေးအငှားကိစ္စ ပြဿနာရှုပ်တတ်ပါတယ်။ အောက်လက်ငယ်သားတို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ရှုပ်ထွေးတတ်ပါတယ်။ မိသားစု အတွင်းမှာ ညှိမရ၊ နှိုင်းမရတာတွေ ဖြစ်တတ်ပါတယ်။ ကြီးကဲသူတွေ ကျန်းမာရေးညံ့တတ်တယ်။ ခရီးသွားမယ့် အစီအစဉ်တွေ ထစ်ငေါ့လွဲချော်သွားတတ်ပါတယ်။ မသွားချင်တဲ့ခရီးတွေ သွားရတတ်တယ်။ မကြားချင်တဲ့စကားတွေ ကြားရတတ်တယ်။ ရပ်ဝေးမိတ်ဆွေ၊ ဆရာသမားတို့က ကူညီမယ်။ မျက်မှန်နဲ့လူက ကူညီလိမ့်မယ်။ အလုပ်နေရာ၊ အိမ်နေရာ မထင်မမှတ်တဲ့အပြောင်းအလဲကြံုမယ်။ ပြဿနာ ဖြစ်နေသူတွေနဲ့ ပြန်ပြီး အဆင်ပြေသွားမယ်။ ကိုယ့်ကို စော်ကားထားတဲ့သူတွေက ပြန်ပြီးတောင်းပန်ကြလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ဘေးပယောဂကြောင့် သွေးကွဲရတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ အထစ်အငေါ့ကြီးစွာ ကြံုတတ်တယ်။ အလုပ်ကိစ္စ ဝမ်းသာစရာ အခြေအနေကောင်းကြံုမယ်။ ထီပေါက်သလိုမျိုးငွေတွေ ဝင်လာတတ်တယ်။ ကံအကျိုးပေးဂဏန်း ၅/ဝ။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ဆန်ပြုတ်ကပ်လှူပါလေ။ 

သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ အဘက်ဘက်က ကြည်နူးဝမ်းသာစရာတွေကြံုလာမယ်။ ရည်ရွယ်ချက်ကြီးတွေ အောင်မြင်မယ်။ နာမည်ဂုဏ်သတင်း တိုးတက်မယ်။ ရပ်ဝေးအဆက်အသွယ်ကောင်းတွေ ရတတ်တယ်။ ဝမ်းသာစရာတွေ၊ ဧည့်သည်တွေတွေလည်း ရောက်လာမယ်။ အဖိုးတန်ပစ္စည်းတွေ ဝင်လာမယ်။ အဝေးရောက် မိတ်ဆွေ၊ မောင်နှမတွေနဲ့ ပြန်လည်ဆုံဆည်းရတတ်တယ်။ အဆောက်အဦကိစ္စ၊ နေရာထိုင်ခင်းကိစ္စတွေမှာ စိတ်တိုင်းကျအောင်မြင်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စိတ်ချမ်းသာရ မယ်။ ပျော်ရွှင်ဖွယ်ခရီးတွေ သွားရမယ်။ လူကြီးသူမ၊ ဆရာသမားတွေရဲ့ အကူအညီကောင်းရမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ စိတ်ချမ်းသာရမယ်။ အလုပ်ကိစ္စ သတင်းကောင်းကြားမယ်။ ခရီးအကျိုးပေးမယ်။ ငွေအတော်များများ ဝင်လာလိမ့်မယ်။ ထီပေါက်သလို ဝင်တတ်တယ်။ အောက်လက်ငယ်သား ဒုက္ခပေးတတ်တယ်။ သူတစ်ပါးရဲ့အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကြားညပ်တတ်တယ်။ ရောဂါနှစ်မျိုး တစ်ပြိုင်နက်ဖြစ်တာ၊ ဒါမှမဟုတ် မိသားစုထဲမှလူနှစ်ယောက် ကျန်းမာရေးညံ့တာ ကြံုရတတ်ပါတယ်။ နိုင်ငံရပ်ခြားခရီး စီစဉ်နေသူတွေ အဆင်ပြေအောင်မြင်မယ်။ ကံအကျိုးပေးဂဏန်း ၆/၉။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ခေါက်ဆွဲပြုတ်ကပ်လှူပါလေ။

စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်တအားညစ်ရမယ်။ ဘာပဲလုပ်လုပ် အထစ်အငေါ့၊ အနှောက်အယှက်ရှိနေမယ်။ မိတ်ဆွေရင်းတွေ၊ ညီအစ်ကိုမောင်နှမတွေအတွက် စိတ်ညစ်ရတတ်ပါတယ်။ မြစ်နား၊ ချောင်းနား၊ ကန်နားကလူတွေ ဒုက္ခပေးတတ်ပါတယ်။ တိရစ္ဆာန်ကြောင့်စိတ်ညစ်ရတတ်တယ်။ မီး၊ လျှပ်စစ်အန္တရာယ်ကြံုတာ မတော်တဆ ထိခိုက်မိတာတွေ ကြံုရတတ်ပါတယ်။ အဆောက်အဦကိစ္စ၊ နေရာကိစ္စတွေ အခက်အခဲ ကြီးကြီးမားမား ကြံုပြီးတဲ့နောက် အဆင်ပြေသွားမယ်။ ကျန်းမာရေး ဆိုးဆိုးရွားရွားမဟုတ်ပေမဲ့ တရှောင်ရှောင်ဖြစ်နေမယ်။ အလုပ်မှာ အတိုက်အခံ၊ အနှောက်အယှက် ကြီးကြီးမားမားကြံုမယ်။ ဒါပေမဲ့ အောင်မြင်သွားမယ်။ ငွေရေးကြေးရေးကတော့ အတော့်ကို ကြပ်တည်းမယ့်အချိန်ပါပဲ။ ကျဉ်းထဲ၊ ကြပ်ထဲအခြေအနေတွေ ကြံုရတတ်ပါတယ်။ တန်ဖိုးကြီးပစ္စည်းတွေတော့ ဝင်လာလိမ့်မယ်။ ထွက်နေတဲ့ငွေတွေ၊ ပစ္စည်းတွေလည်း ပြန်ဝင်လာတတ်ပါတယ်။ အောက်လက်ငယ်သားရဲ့ သတင်းကောင်းကြားမယ်။ ဆွေမျိုးသားချင်းထဲက ထီဆုကြီးပေါက်တာ၊ ဆုထူး၊ ဂုဏ်ထူးရတာ၊ ရာထူးတက်တာတွေ ကြံုရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကောင်းသောအပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်။ အဆက်အသွယ်ပြတ်နေသူတွေ အဆက်အသွယ်ကောင်းရလိမ့်မယ်။ ကံအကျိုးပေးဂဏန်း ၆/၁။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ သရက်ယိုကပ်လှူပါလေ။

source - ဆရာဇင်ယော်နီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။