မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ အိမ်ရှင် အိုလံပီယာကော့ အသင်းကို ဂျူဗင်တပ်အသင်းက ၂ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၂ နေရာမှာရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။အုပ်စုပထမနေရာက ဘာစီလိုနာအသင်းနဲ့အတူ ဂျူဗင်တပ်အသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်ကို ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။အိုလံပီယာကော့အသင်းကတော့ ရမှတ် ၁ မှတ်နဲ့သာကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

အိုလံပီယာကော့အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျူနီယာ၊ ရိုမီယူ၊ ပါဒို၊ အိုဖို၊ ဒီဂျူရက်ဂျီဗစ်၊ တတ်ဆစ်ဒစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟီဂူအင်၊ ဒေါက်ဂလက်ကော်စတာ၊ ဒီဘာလာ၊ ကွာဒရာဒို ၊ မာတွီဒီ၊ ခီဒီယာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကိုထိန်းချူပ်ခဲ့ပြီး အနိုင်သုံးမှတ်ကို ယူဆောင်သွားခဲ့တာလည်းဖြစ်ပါတယ်။ 

ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ပထမပိုင်း ၁၅ မိနစ်မှာပဲ ကွာဒရာဒို က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းအတွက် ဒုတိယအနိုင်ဂိုးကိုတော့ ၈၉ မိနစ်မှာ ဘာနာဒက်ချီ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲအတွက်အကောင်းဆုံးကစားသမားဆု Man Of The Match ကိုတော့ ကွင်းလယ်ကစားသမား ခီဒီယာက ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။