ခရစ္စတီယာနို ရောနယ်ဒိုရဲ့ သားဖြစ်သူဂျူနီယာရော်နယ်ဒိုဟာ ဖခင်ရဲ့ခေတ်ပြိုင်ကစားသမား လီယွန်နယ် မက်ဆီဟာ မိမိရဲ့လေးစားအားကျရသော ကစားသမားကောင်းတစ်ဦးဖြစ်ကြောင်း အင်စတာဂရမ် စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။ မက်ဆီနှင့်ရော်နယ်ဒိုတို့သည် ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားဆုများကို ဆယ်စုနှစ်ကျော်ထိ သိမ်းပိုက်နိုင်ဆဲ ကစားသမားများဖြစ်သည်။ ဘယ်ကစားသမားကအကောင်းဆုံးလဲဆိုတာကိုတော့ ၄င်းတို့ပိုင်ဆိုင်ထားတဲ့ မတူညီတဲ့ အရည်အချင်းများကြောင့် ဆုံးဖြတ်ရန်အလွန်ခတ်ခဲ့လှပါတယ်။ 

ရိုနယ်ဒိုဟာ ၂၀၀၉ခုနှစ်က ရီးရဲမက်ဒရစ် အသင်းသို့ပြောင်းရွှေ့ခဲ့ပြီး မက်ဆီနှင့် အပြိုင်ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးဖြစ်သည့်အပြင် သူတို့ရဲ့ယှဉ်ပြိုင်မှုတွေဟာ ဆုဖလားတွေ တစ်ဦးချင်းဆုတံဆိပ်တွေအတွက် အဆုံးအဖြတ် ဖြစ်စေခဲ့ပါတယ်။ ရိ်ုနယ်ဒိုသည် ရီးရဲမက်ဒရစ်အသင်းတွင် ပွဲပေါင်း ၄၁၁ ကစားခဲ့ရာကနေ ၄၁၇ ဂိုးသွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှု ၁၁၄ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။ လာလီဂါမှာ စောစွာကစားခဲ့တဲ့ မက်ဆီကတော့ ပွဲပေါင်း ၄၄၃ ပွဲ ကစားထားခဲ့ပြီး ၄၄၄ ဂိုးသွင်းယူကာ ၁၆၄ ဂိုးအထိ ဖန်တီးပေးထားပါတယ်။

သို့သော်လည်း ရော်နယ်ဒို ရဲ့သားဖြစ်သူ အသက် ရ နှစ်အရွယ်ရှိ ဂျူနီယာရော်နယ်ဒိုကတော့ မက်ဆီဟာသူ့ရဲ့ စံပြကစားသမားတစ်ဦးဖြစ်ကြောင်း အင်စတာဂရမ်မှာ ဖီဖာဆုပေးပွဲတုန်းက မက်ဆီနှင့် လက်တွဲနူတ်ဆက်သော ပုံများနှင့်အတူဖော်ပြထားတာတွေ့ရပါသည်။ ခရစ္စတီယာနို ရောနယ်ဒို နှင့် လီယွန်နယ် မက်ဆီတို့၏ ပရိသတ်များအတွက် မျှဝေပေးလိုက်ပါတ်။

Source- SM 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။