ရဲတိုက်ရဲ့ ပြစ်ဒဏ်ကျခံနေရာ မှပြန်လည်လွတ်မြောက် လာတဲ့နေ့လေးဟာ ပရိသတ်တွေအတွက် ဝမ်းသာမဆုံး ဖြစ်ခဲ့ကြရတဲ့ အမှတ်တရဖြစ်ဖွယ် နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်။

ရဲတိုက်ကိုယ်တိုင်လည်း ပရိသတ်တွေရဲ့ ရင်ဘတ်ထဲကလာတဲ့ အချစ်တွေလွမ်းဆွတ်သတိရနေမှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာကြောင့် အရမ်းကိုဝမ်းသာမဆုံး ဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ 

ပရိသတ်တွေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ပြီးမှ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ သရုပ်ဆောင်ရဲတိုက်ဟာ လွတ်မြောက်ခဲ့တဲ့ နေ့မှာပဲ ပရိသတ်တွေအတွက် အနုပညာ လုပ်ငန်းတွေပြန်လည်လုပ်ကိုင် သွားမှာဖြစ်တဲ့အကြောင်း ပရိသတ်တွေကိုအသိပေးခဲ့ တာပဲဖြစ်ပါတယ်။

သို့သော်လည်း လက်ရှိရဲတိုက်ရဲ့ကျန်းမာရေးအခြေအနေအရ အနားယူဖို့ လိုအပ်နေတယ်လို့ ဆာတိုရီ ထုတ်လုပ်ရေးမှ ဦးရီဇော် ပြောပါတယ်။ 

ယခုဆိုရင် လည်လွတ်မြောက်လာတာ သုံးပတ်နီးပါးရှိလာပြီဖြစ်ပြီး လက်ရှိ ကျန်းမာရေး အခြေအနေအရ အပန်းဖြေ အနားယူဖို့ လိုအပ်နေတာကြောင့် ခရီးသုံးခု စီစဉ်ထားတယ် လို့သိရပါတယ်။

ဆရာဝန်ကလဲ ရဲတိုက်ကို တစ်လနားရန် သတ်မှတ်ပေးထားတာကြောင့် လက်ရှိမှာ ကော့သောင်း၊ ထိုင်းနိုင်ငံအပါအဝင် ခရီးစဉ်သုံးခုစီစဉ်ပေး ထားပြီး ခရီးက ပြန်ရောက်တာနဲ့ ပရိသတ်တွေ အတွက် အနုပညာလုပ်ငန်းတွေပြန်လည် လုပ်ကိုင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

လက်တလောမှာလည်း ဆရာဝန်တွေနဲ့ Medical Check Up စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အနားယူ နေတာပဲ ဖြစ်ပါတယ်။

ရဲတိုက်ရဲ့ Skin Careနဲ့ ပတ်သတ်ပြီး ထိန်းသိမ်းမှု တွေပြုလုပ်နေပြီး ဆံပင်ဆေးဆိုးခြင်း ဆံပင်ညှပ်ခြင်းတို့ကိုလဲ လုပ်ဖြစ်နေတယ်လို့ဆိုပါတယ်။ လက်ရှိမှာလည်း ချစ်တဲ့ ခင်တဲ့သူတွေဆီ အလည်သွားဖြစ်နေပြီး မနေ့က ချစ်သုဝေတို့ကော်ဖီဆိုင်လေးမှာလဲ We Love Ye Deight ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။

ရဲတိုက်ကို ချစ်တဲ့ပရိသတ်တွေ ကလည်း ရဲတိုက်ကျန်းမာရေးမြန်မြန်ပြန်ကောင်းပြီး အနုပညာလုပ်ငန်းတွေ အမြန်ဆုံးပြန်လည်လုပ်ကိုင်နိုင်အောင်ဆုတောင်းပေးကြပါအုန်းနော်။ 

သတင်းအရင်းအမြစ် - ခင်ဆွေသက်(7 Day)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။