ဆံပင်ပုံစံဟာ လူတစ်ယောက်အသွင်အပြင်ကို များစွာပြောင်းလဲစေနိုင်ပါတယ်။ အထူးသဖြင့် မိန်းခလေးတွေကို မိတ်ကပ်ခြယ်သရတဲ့အချိန်ထဲမှာ ဆံပင်အတွက် သိပ်အချိန်မပေးနိုင်ကြပါဘူး။ အခုပြောပြမယ့်နည်းလမ်းလေးတွေက အချိန်မကုန်သလို လူငယ်ဆန်ဆန် သွက်လက်တဲ့အသွင်ကို ဆောင်စေပါတယ်။ နေ့စဉ်ထသွားထလာအချိန်တွေအပြင် ပွဲတွေအတွက်လည်း ခပ်မိုက်မိုက်နဲ့ အထာကျကျ ကျနေစေမှာပါ။ ဒါဆိုရင် ရိုးရှင်းလွန်းတဲ့ စတိုင်တွေကို နည်းနည်းလောက်ဆန်းသစ်        ကြည့်ရ အောင်နော်။

ပထမနည်းလမ်းကတော့ နဖူးအထက်က ဆံပင်အချို့ကိုယူပြီး ရစ်ထုံးလိုက်ရုံပါပဲ။ ကပ်ကပ်ကြီး ဖြစ်နေမှာစိုးရမ်တယ်ဆိုရင်တော့ ဖောင်းဖောင်းလေးဖြစ်အောင် ဆံထုံးထဲက ဆံပင်လေးတွေ ကို အသာအယာလေး ဆွဲထုတ်ဖို့ မမေ့ပါနဲ့။ ညီညာနေစရာ မလိုတဲ့အပြင် ဆံပင်တွေထွ က်နေတာကို     လည်း စိတ်ပူစရာမလိုဘူး။ အရမ်းကိုလွယ်ကူမြန်ဆန်တဲ့ နည်းလမ်းပါ။

ဒုတိယနည်းလမ်းကတော့ နဖူးအထက်ကဆံပင်တွေကို ယူကာ ကျစ်ဆံမြှီးကျစ်ပြီး စည်းကြိုး လေးနဲ့ ချည် လိုက်ယုံပါပဲ ။ငါးရိုးကျစ်ဆံမြှီးနဲ့လည်း အဆင်ပြေနိုင်သလို၊ ရိုးရိုးကျစ်ဆံမြှီး ဆိုရင်လည်း စတိုင်ကျကျ ကြည့်ကောင်းနေမှာပါ။ ဒီနည်းလမ်းလေးတွေသိပြီဆိုရင်တော့ မိတ်ဆွေ သူငယ်ချင်းတွေ အမြင်တမျိုးနဲ့ အံ့သြသွားအောင် စမ်းလုပ်ကြည့်လိုက်တော့နော် ။ အချိန်ကုန်သက်သာပြီး လှပစေမှာပါ ။

Source – Own Creator

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။