သရုပ်ဆောင်မင်းသားချော ရဲတိုက်ကိုမိတ်ကပ်လိမ်းပေးဖြစ်တယ်ဆိုပြီး မိတ်ကပ်ညီညီမောင်စမ်းချောင်းက သူရဲ့ဖေ့ဘုတ်မှာရေးသားထားပါတယ်။သရုပ်ဆောင်ရဲတိုက်ကို MRTV -4 ရဲ့လူကြိုက်များတဲ့ အစီအစဉ်ကောင်းတစ်ခုဖြစ်တဲ့ Let’s Talk အစီအစဉ်မှာ မနေ့ကပဲစတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒါကို မိတ်ကပ်ညီညီမောင်စမ်းချောင်းက သွားရောက်မိတ်ကပ်လိမ်းပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ဖေ့ဘုတ်မှာတော့

“ရဲတိုက် ကို Men Make Up & Hair Style လိမ်းပေးဖြစ်တယ်

Let’s talk ရိုက်ကူးရေးအတွက်

မင်းသားတွေ မော်ဒယ် boyသတို့သားတွေ ဘွဲ့ ယူမယ့်မောင်လေးတွေ ဒီနေ့က စလို့

Men make up & Hair style ပြင်ပေးနေပြီနော် သုသု ကိုယ်တိုင်”

သရုပ်ဆောင်ရဲတိုက်ဟာ မူးယစ်ဆေးဝါမှုနဲ့ပစ်မှုခံယူနေခဲ့ရတာဖြစ်ပြီး နို၀င်ဘာလ (၁၇) ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။

သူရဲ့ပရိသတ်ကတော့ သူ့ကိုအမြဲအမှတ်ရနေပြီး ထိုနေ့မှာလည်း စည်ကားစွာသွားရောက်ကြိုဆိုခဲ့တာလဲ ဖြစ်ပါတယ်။လူမှုကွန်ယက်မှာလဲ သရုပ်ဆောင်ရဲတိုက်အား စိတ်ရောဂါခံစားနေရတယ်ဆိုပြီး ပြောဆိုသံများလည်း ရှိနေခဲ့ပါတယ်။ရဲတိုက်ပရိသတ်ကတော့ သူဘယ်လိုပဲဖြစ်နေဖြစ်နေ အချစ်မပျက်ခဲ့ပါဘူး။

source - nyi nyi sanchaung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။