Brabus G 700

မြင်းကောင်ရေအား ၆၉၀ ပါ၀ါရှိပြီး ကြီးမားတဲ့ကိုယ်ထည်နဲ့ supertrckအမျိုးအစားဖြစ်ပါတယ်။ Brabus G 700 ဟာ လမ်းကြမ်းတွေမှာ မောင်းတဲ့အခါ အထူးသင့်တော်ပီး စျေးနှုန်းအားဖြင့် ဒေါ်လာနှစ်သိန်းသုံးသောင်းဝန်းကျင်ခန့် ရှိပါတယ်။

Audi R8 V10

Audi R8 ဟာ ၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံးကားအဖြစ် ပွဲထွက်လာခဲ့ပြီး ဒူဘိုင်းရဲတွေအလွန်သဘောကျခဲ့ရတဲ့ကားဖြစ်ပါတယ်။ အင်ဂျင်အနေနဲ့ မြင်းကောင်ရေ ၅၂၅ပါ၀ါရှိပြီး လေးစက္ကန့်အတွင်း သုညကနေခြောက်ဆယ်အထိ ရောက်အောင်မောင်းနိုင်ပါတယ်။ 

Mclaren MP4-12C

Mclaren ရဲ့မျိုးဆက်သစ်တစ်ခုဖြစ်ပြီး အင်ဂျင်အနေဖြင့် မြင်းကောင်ရေအား ၆၀၂ ပါ၀ါရှိပါတယ်။ ကားလမ်းပိတ်ဆို့တာသာ မဖြစ်ဘူးဆိုရင် တစ်နာရီအတွင်း မိုင် ၂၀၀ အထိမောင်းနိုင်ပါတယ်။

Nissan GT-R

အဆိုပါကားမှာ တာဗိုနှစ်ခုပါရှိပြီး အင်ဂျင်ပါ၀ါအနေဖြင့် မြင်းကောင်ရေ ၅၄၅ ပါ၀ါရှိပါတယ်။ တစ်နာရီအတွင်း ၁၉၆ မိုင်အထိမောင်းနှင်နိုင်ပြီး ဒေါ်လာတစ်သိန်း ၀န်းကျင်ခန့် ရှိပါတယ်။

Mercedes Benz SLS AMG

အင်ဂျင်ပါ၀ါအနေဖြင့် မြင်းကောင်ရေ ၅၃၉ ပါ၀ါရှိပြီး ၃.၆စက္ကန့်အတွင်း သုညကနေမိုင်ခြောက်ဆယ်အထိ မောင်းနိုင်ပါတယ်။ယခုအခါ ရဲလုပ်ငန်းတာဝန်များတွင် သိပ်အသုံးမတည့်လှသောကြောင့် အခြားဌာနများတွင် အသုံးပြုရန် စဉ်းစားနေပြီပဲ ဖြစ်ပါတယ်။

Bughatti Veyron

Bughatti Veyron ဟာ ၂၀၁၄ခုနှစ်အတွင်းမှာ ကမ္ဘာ့အမြန်ဆုံးနဲ့ စျေးအကြီးဆုံးကား ဖြစ်ခဲ့ပါတယ်။ တစ်နာရီအတွင်း ၂၄၇ မိုင်အထိ မောင်းနိုင်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁.၆မီလျံ ရှိပါတယ်။

Aston Martin One -77

One -77 ဟာအရေအတွက် အကန့်အသက်ဖြင့်သာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ တစ်နာရီအတွင်း မိုင် ၂၂၀ အထိမောင်းနိုင်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁.၅ မီလျံရှိပါတယ်။ 

Lamborghini Aventador

အဆိုပါကားမှာ အင်ဂျင် မြင်းကောင်ရေ ပါ၀ါ ၆၉၁ ပါရှိကာ သုံးစက္ကန့်အတွင်း သုညကနေ ခြောက်ဆယ်အထိတင်မောင်းနိုင်ပါတယ်။ တစ်နာရီအတွင်း ၂၁၇မိုင်အထိ မောင်းနှင်နိုင်တာကြောင့် ဒူဘိုင်းရဲကားတွေရဲ့ အမြန်ဆုံးစာရင်းထဲမှာပါ၀င်ပါတယ်။ 

Ferrair FF

Ferrari FF ရဲ့ ကားကိုယ်ထည်ပိုင်းဟာ စွဲမက်စရာကောင်းလှပြီး ကားအတွင်းပိုင်းမှာလည်း လေးယောက်ထိုင်ခုံ ပါ၀င်ပါတယ်။ ၃.၇ စက္ကန့်အတွင်းမှာ သုညကနေခြောက်ဆယ်အထိ မောင်းနှင်နိုင်ပါတယ်။

BMW i8

i8ဟာ ၂၀၁၄ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး မြင်းကောင်ရေ ၃၅၇ ပါ၀ါရှိပါတယ်။ ၄.၂စက္ကန့်အတွင်း သုညကနေ ခြောက်ဆယ်အထိ မောင်းနိုင်ပါတယ်။ 

Source : Google (Dubai Police super Cars)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။